‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၂၈ ရက်

‎အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားနေသော ကု‌သဆေးနှင့် ကြိုတင်ကာကွယ်ဆေးမရှိသည့် ‎နီးပါးရ်ဗိုင်းရပ်စ် မူလ လက်ခံအကောင် လင်းနို့၊လင်းဆွဲများကိုသတိထားရန်လိုပြီး ယနေ့အထိ‎ မြန်မာနိုင်ငံတွင် ကူးစက်မှု မရှိသေးကြောင်း စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

‎‎နီးပါးရ်ဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်သည့်ရောဂါတစ်မျိုးဖြစ်ပြီး ‎မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တွေ့ရှိရခြင်းမရှိသေးသော်လည်း မူလလက်ခံကောင် လင်းနို့ မျိုးစိတ် ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲပေါင်းများစွာ တည်ရှိရာဒေသဖြစ်၍ သတိ ထားရန် လိုအပ်ကြောင်း သိရသည်။

နီးပါးရ်ဗိုင်းရပ်စ်သံသယရောဂါလက္ခဏာများမှာ ပြင်းထန်စွာဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ချောင်း ဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အိပ်ငိုက်ခြင်းတို့ဖြစ်ပြီး ‎လက်ရှိတွင် ကုသဆေးမရှိသဖြင့် ကြိုတင်ကာကွယ်သည့်နည်းလမ်းဖြစ်သည့် လက်မကြာခဏဆေးရန်၊ လင်းနို့ကိုက်ထားသည့် အသီးအနှံမစားရန်၊ Mask တပ်ရန်၊ ဖျားနာလူနာများနှင့် နီးကပ်စွာမနေရန် အာရက္ခတပ်တော် (AA) ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

‎‎ထို့ပြင် ကူးစက်မှု မကြာခဏဖြစ်ပွားလေ့ရှိသော ဒေသတွင်းနိုင်ငံများနှင့် နယ်နမိတ်ချင်းထိစပ်နေသဖြင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်လျက် ရှိကြောင်း AA ကျန်းမာရေးဌာနက ဆိုသည်။

‎ ထို့ကြောင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံ၊ ‎အနောက်ဘင်္ဂလားပြည်နယ်ဒေသသို့ မလိုအပ်ဘဲ ခရီးမသွားရန်၊ လက်တလော ရောဂါဖြစ်ပွားရာ ဒေသကို ရောက်ရှိနေသူများအနေဖြင့် ရောဂါဖြစ်ပွားရာဒေသရှိ ဆေးရုံသို့မဟုတ် ဖျားနာသူများပြားရာ နေရာများဆီ မလိုအပ်ဘဲ သွားရောက်ခြင်းမပြုရန် သတိပေးထားသည်။

‎ယင်းပြင်ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး ၁၄ ရက်အတွင်း သံသယရောဂါလက္ခဏာများခံစားရခြင်း၊ မိမိနေရာပတ်ဝန်းကျင်တွင် ဝက်၊ လင်းနို့များ ထူးထူးခြားခြားသေဆုံးနေသည်ကိုတွေ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနထံအကြောင်းကြားရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

နီးပါးဗိုင်းရပ်စ်သည် သေဆုံးမှုမြင့်သည့်ရောဂါဖြစ်ပြီး ကူးစက်မှု၊ ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး သေဆုံးမှု ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ( WHO ) က ခန့်မှန်းထားသည်။

‎‎ဓာတ်ပုံ – WHO