(ဘာသာပြန်ဆောင်းပါး) ဘာသာပြန် – MZH

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၇ ရက်

မြန်မာစစ်အုပ်စုဟာ ပြည်တွင်းစစ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ အသုံးပြုတဲ့ လေ ယာဉ်ဆီတွေရဲ့ အရင်းအမြစ်ကို ဖုံးကွယ်ဖို့ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့လို စီးပွားရေးပိတ်ဆို့မှုတွေ ကို ရှောင်လွှဲနေတဲ့ နိုင်ငံတွေရဲ့ နည်းဗျူဟာတွေကို အသုံးပြုနေပုံရကြောင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty International က တနင်္လာနေ့တွင် ပြောပါတယ်။

မြန်မာစစ်အုပ်စုဟာ လေယာဉ်ဆီတွေ မည်သည့်နေရာမှ လာသည်ကို လူမသိစေဖို့ သင်္ဘောလမ်း ကြောင်းတွေကို ရှောင်ကွင်းမောင်းနှင်ခြင်းနဲ့ သံသယဖြစ်ဖွယ် သင်္ဘောတွေကို အသုံးပြု၍ ပုံဖျက်ခြင်းများ ပြုလုပ်နေတယ်လို့ Amnesty International က ဆိုပါတယ်။

လန်ဒန်အခြေစိုက် Amnesty International ၏ စုံစမ်းစစ်ဆေးမှုအရ ကုန်သွယ်မှု၊ သင်္ဘောသွား လာမှု၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဆိပ်ကမ်းအာဏာပိုင်များထံမှ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့် ရာတွင် မြန်မာစစ်တပ်ဟာ လေယာဉ်ဆီတွေကို “ghost ships” (သရဲသင်္ဘောများ) လို့ခေါ်တဲ့ သင်္ဘော တွေနဲ့ တင်သွင်းနေကြောင်း ဖော်ပြထားပါတယ်။

အဆိုပါသင်္ဘောတွေဟာ စောင့်ကြည့်စစ်ဆေးမှုများကို ရှောင်လွှဲဖို့ ၎င်းတို့၏ တည်နေရာကို ခြေ ရာခံတဲ့ Automatic Identification System (AIS) ခေါ် အလိုအလျောက် အချက်ပြစနစ်တွေကို ပိတ် ထားလေ့ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ လေယာဉ်ဆီ တန်ချိန်ပေါင်း ၁၀၉,၀၀၀ ကျော် တင်သွင်းခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၆၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း Amnesty အဖွဲ့ရဲ့ အစီရင်ခံ စာမှာ ဖော်ပြထားသည်။ ထိုပမာဏမှာ ၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက် ခံအစိုးရကို စစ်တပ်က ဖယ်ရှားပြီးနောက်ပိုင်း အမြင့်ဆုံး တင်သွင်းမှုလည်း ဖြစ်ပါတယ်။

“အာဏာသိမ်းပြီး ငါးနှစ်အကြာမှာ မြန်မာစစ်အုပ်စုဟာ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက် ရှောင်လွှဲနေပြီး အရပ်သားပြည်သူတွေကို ဗုံးကြဲဖို့အတွက် လေယာဉ်ဆီ တင်သွင်းနိုင်မယ့် နည်းလမ်းသစ် တွေကို ရှာဖွေနေဆဲဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာချက်တွေက ဖော်ပြနေပါတယ်။ ၂၀၂၅ ခုနှစ်ဟာ ၂၀၂၁ ခု နှစ် စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အများဆုံး နှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်” လို့ Amnesty အဖွဲ့၏ ဒေသဆိုင်ရာ သုတေသန ညွှန်ကြားရေးမှူး မွန်တီဖာ ရာက ပြောကြားခဲ့ပါတယ်။

အတိုက်အခံများကမူ အရပ်သားများစွာ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်စေတဲ့ စစ်အုပ်စုရဲ့ စစ်ဆင်ရေး စွမ်းဆောင်ရည်ကို ဟန့်တားနိုင်ဖို့ လေယာဉ်ဆီ တင်သွင်းမှုလမ်းကြောင်းများကို ဖြတ်တောက်ရန်မှာ အ လွန်အရေးကြီးတယ်လို့ ပြောဆိုကြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်မှာ တိတိကျကျ မ သိရသေးသော်လည်း၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတွန်း လှန်မှုများ ပေါ်ပေါက်လာခဲ့ရာ ယနေ့အထိ စစ်တပ်ရဲ့လက်ချက်ကြောင့် အရပ်သား ၇,၇၀၀ ကျော် သေဆုံး ခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရ ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုတွေ အမျိုးမျိုးရှိပေမယ့် အလုံးစုံ လွှမ်းခြုံမှုမရှိခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ခြင်းမရှိကြောင်း Amnesty က ဆိုပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ခံရသည့် ပစ်မှတ်များတွင် ထိရောက်တဲ့ ခုခံ ကာကွယ်မှုစနစ်တွေလည်း မရှိကြပေ။

မြန်မာစစ်အုပ်စုရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အဓိကမဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့မှ လက်နက်ခဲယမ်းတွေ အဓိကပံ့ပိုးပေးနေပါတယ်။

Amnesty International ရဲ့ စုံစမ်းစစ်ဆေးမှုအရ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှ ၂၀၂၅ ခုနှစ်ကုန်အထိ ကာလအတွင်း သင်္ဘောလေးစင်းကို အသုံးပြု၍ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ သီးခြားစီ တင်ပို့မှု အနည်း ဆုံး ကိုးကြိမ်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ယင်းကာလအတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ မည်သို့ဝင်ရောက်လာသည်ဆိုသည့် နည်းလမ်းများတွင် သိသာထင်ရှားသော အပြောင်းအလဲများ ရှိလာ သည်ကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနည်းလမ်းသစ်တွေထဲမှာ AIS ရေဒီယိုအချက်ပြစနစ်များကို ပိတ်ထားခြင်း သို့မဟုတ် တည် နေရာအမှားများကို ထုတ်လွှင့်ခြင်းများ ပြုလုပ်သည့် “ghost ships” (သရဲသင်္ဘောများ) ကို အသုံးပြုခြင်း၊ သင်္ဘောအမည်၊ အလံ သို့မဟုတ် ပိုင်ရှင်အမည်များကို ခဏခဏ ပြောင်းလဲခြင်းတို့ ပါဝင်ကြောင်း Amnesty က ဆိုပါတယ်။ ထို့ပြင် လေယာဉ်ဆီများကို ဆိပ်ကမ်းများတွင် တင်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ပင်လယ်ပြင်အတွင်း သင်္ဘောတစ်စင်းမှ တစ်စင်းသို့ လွှဲပြောင်းတင်ဆောင်သည့် (ship-to-ship transfers) နည်းလမ်းများကို မကြာခဏ အသုံးပြုနေကြောင်းလည်း ဖော်ပြထားပါတယ်။

ယခုကဲ့သို့သော နည်းဗျူဟာများကို အီရန်၊ ဗင်နီဇွဲလားနဲ့ အထူးသဖြင့် ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ကို ကျူးကျော်ဝင်ရောက်မှုကြောင့် အလုံးအရင်းဖြင့် ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့ခဲ့ရတဲ့ ရုရှားနိုင်ငံတို့ အပါအဝင် ရေနံတင်ပို့တဲ့နိုင်ငံတွေ နှစ်အတော်ကြာ အသုံးပြုခဲ့ကြပါတယ်။ မြောက်ကိုရီးယားသည်လည်း “shadow fleet” (အရိပ်သင်္ဘောအုပ်စု) ဟု လူသိများတဲ့ သရဲသင်္ဘော (ghost ships) များကို အသုံးပြု ကြောင်း သတင်းများက ဖော်ပြပါတယ်။

Amnesty International အနေဖြင့် လေယာဉ်ဆီ တင်ပို့တဲ့ ကုမ္ပဏီတွေနဲ့ မူရင်းဒေသကို အတည် မပြုနိုင်ကြောင်း ဝန်ခံထားပေမယ့် ယခုကဲ့သို့ ရှောင်လွှဲသည့် နည်းဗျူဟာတွေဟာ “အီရန်နိုင်ငံမှ ပိတ်ဆို့ အရေးယူခံထားရသည့် စက်သုံးဆီများကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတွေနဲ့ ထပ်တူကျနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

အရပ်သားတွေ ထပ်မံထိခိုက်မှုကို ကာကွယ်ဖို့ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့မှုများကို ပိတ် ပင်ဖို့နဲ့ အဆိုပါ ထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်နေတဲ့ ကုမ္ပဏီအားလုံး ရုပ်သိမ်းကြရန် Amnesty က တောင်းဆိုထားပါတယ်။ ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုတွင်မူ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့မှာ အခြေစိုက်တဲ့ နိုင်ငံစုံကုမ္ပဏီတွေဟာ မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ ပေးပို့နေတဲ့ ထောက်ပံ့ရေး ကွင်းဆက်၏ အစိတ်အပိုင်းများအဖြစ် ပါဝင်နေကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ထောက်ပံ့ရေးကွင်းဆက် အစိတ်အပိုင်းအချို့အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက်တွင် “စက်သုံးဆီ၏ မူလအရင်းအမြစ်ကို ဖုံးကွယ်ဖို့ အကြိမ်ကြိမ် ဝယ်ယူခြင်းနဲ့ ပြန်လည်ရောင်းချခြင်းများကို ပြုလုပ်ခဲ့ကြတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အစောပိုင်းကာလများအ တွင်း မြန်မာနိုင်ငံသို့ စက်သုံးဆီတင်ပို့မှု အနည်းဆုံး ကိုးကြိမ် ရောက်ရှိခဲ့ပြီး အဆိုပါတင်ပို့မှုတွေမှာ ဗီ ယက်နမ်နိုင်ငံရှိ သိုလှောင်ရုံတစ်ခုမှတစ်ဆင့် လမ်းကြောင်းလွှဲ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့အရေးယူမှု တွေကို တမင်တကာ ရှောင်လွှဲဖို့ အသုံးပြုတဲ့ နည်းဗျူဟာများဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်က AP သတင်းဌာနဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Myanmar uses ‘ghost ships’ to import aviation fuel for deadly air attacks, Amnesty says ကို ဆီလျော်အောင် ဘာသာပြန်ထား ပါသည်။