ရန်ကုန်မှာ ၅/မှတ်ပုံတင်ကိုင်ထားတဲ့ တီဘီလူနာကို Non CDM ဆေးပေးဝန်ထမ်းဆရာမက ဆေးထုတ်မပေးဘဲ လူနာဆေးမှတ်တမ်းစာအုပ်​က်ိုပါ လွှင့်ပစ်ခဲ့

ကိုကိုလေး/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် စစ်ကောင်စီလက် အောက်ခံ
ဆေးခန်းတခုရဲ့ Non CDM ဆေးပေးဝန်ထမ်းက တီဘီဆေးသောက်နေရသူ ရောဂါ သည်တဦးကို စက်တင်ဘာလ ၆ ရက်နေ့က တီဘီဆေးများထုတ်မပေးဘဲ ကြမ်းတမ်းစွာဆက်ဆံပြီး ဆေးမှတ်တမ်းစာအုပ်တွေကိုပါ လွှင့်ပစ်ခဲ့တဲ့အထိ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံ တဦးထံကသိရပါတယ်။

အဲ့ဒီတီဘီရောဂါသည်ဟာ စစ်ကိုင်းတိုင်းကိုယ်စားပြုတဲ့ ၅/ မှတ်ပုံတင်ကိုင်ဆောင်သူဖြစ်လို့ဆိုပြီး အခုလို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တာလို့ ကိုယ်တိုင်ကြုံတွေ့ရသူ လူနာတဦးကပြောပါတယ်။

” ဆေးစာအုပ်မှာပါတဲ့ မှတ်ပုံတင်နံပါတ်ကိုကြည့်ပြီး ၅/ မလို့ ဆေးထုတ်မပေးနိုင်ဘူးဆိုပြီး ဆေးမှတ် တမ်းစာအုပ်ပါလွှင့်ပစ်ပလိုက်တာ။ ဆရာဝန် လက် မှတ်နဲ့ ဆေးထုတ်ခွင့် စာရွက်စာတန်းပါတာတောင်ဆေးထုတ်မပေးဘူး။ ဆရာဝန်ကြီးဆီဖုန်းဆက်ပြောမှထုတ်လို့ရခဲ့တယ်။ စစ်တပ်ကညွှန်ကြားထားပဲလားတော့သေချာမသိဘူး။ ဆရာဝန်ကြီးတွေ လက် မှတ်ထိုးပေးတဲ့ ဆေးထုတ်ခွင့်စာရွက်တွေကိုတောင် လွှင့်ပစ်တယ် ။ အငြိုးတကြီးနဲ့ ကျွန်မကိုဆက်ဆံတာ ” လို့ ကိုယ်တိုင်သွားရောက်ထုတ်ယူခဲ့သူ လူနာရှင် အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လူနာမှတ်တမ်းစာအုပ်ကို လွှင့်ပစ်လိုက်တဲ့ အမျိုး သမီးဟာ ဆေးထုတ်ပေးသူ Non CDM ဝန်ထမ်းတဦးလဲဖြစ်ပြီး ပြောဆိုဆက်ဆံရာမှာလည်းကြမ်းတမ်းသူ ဖြစ်တဲ့အပြင် စစ်ကောင်စီကိုတော်လှန်မှုပြင်းထန်တဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုဆက်ဆံတာပိုမိုဆိုးဝါးတယ် လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ တီဘီဆေးသောက်သုံးနေတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပြီး အခုလိုမျိုးဆက်ဆံခံရ တာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။

ရန်ကုန်မြို့မှာတော့ ၅/ မှတ်ပုံတင်ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေတဲ့ ပြည်သူတချို့ကို စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့သလို ဖမ်းဆီး ငွေညှစ်တာတွေလဲ ပြုလုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့ပြင် ပြီးခဲ့သည့် လကုန်ပိုင်းကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ဟောင်ကောင်နိုင်ငံသား၊ တရုတ်လူမျိုးပိုင် အထည်ချုပ် စက်ရုံတခုတွင် ထိုကဲ့သို့ ၅/ ၈ / နဲ့ ၉/ စတဲ့ မှတ်ပုံတင်ကိုင်သူ အလုပ်သမားတွေကို ခွဲခြားဆက်ဆံကာ အလုပ်ထုတ်မှုများကြောင့် အလုပ်သမား ၃ ဦးက ဆန္ဒပြခဲ့ကြသေးပါတယ်။

#Ayeyarwaddy_Times