
ထိုင်း – မြန်မာနယ်စပ်ရှိ KNU ထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်က လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ စက်တင်ဘာလ ၈ ရက်
ကရင်ပြည်နယ်၊ မြတီမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သုံးထပ်ကွေအနီးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၇ ရက်နေ့ညပိုင်းက စက်တင်ဘာလ ၈ ရက်နေ့ထိ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ကတည်းက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဒေသခအခေါ် ကြက်ကုန်းနဲ့ ခွေးကုန်းကနေ ပစ်ခတ်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
” ဒီကောင်တွေက ရမ်းသမ်းပစ်နေတာဗျ လေ့ကေကော်မြို့သစ်နားက ကြက်ကင်ကုန်းနဲ့ ဒေသအခေါ် ခွေးကုန်းကနေ ရမ်းသမ်းပစ်နေတာဗျ လက်ရှိ ဝေါးလေ လမ်းမကြီးပေါ်တွေပါ ဗုံးသီးတွေကျပြီး လမ်းတွေပါ ပျက်စီးနေပြီ”လို့ တောတွင်းတိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းအလုံးရင်းနဲ့တက်လာသလို နောက်တပ်ရင်းတပ်မလိုက်တွေ ခြေလျင် တက်လာပေမယ့် ဆက်သွားမရတော့တဲ့အခါ လေယာဥ်နဲ့ဗုံးလာကျဲသလို လက်နက်ကြီးနဲ့အဝေးကထုတာမျိုးတွေလုပ်ဆောင်နေတာလို့ ဆိုပါတယ်။
ကရင်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KNU/KNLA လက်အောက်ခံ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အကြား တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ထိုင်း- မြန်မာနယ်စပ်တဝိုက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Ayeyarwaddy_Times