ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

 

ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက စစ်ကော်မရှင်၏ ရွေးကောက်ပွဲကိုအသိအမှတ်မပြသော်လည်း ယခုနောက်ဆုံးကျင်းပမည့် အပိုင်း ၃ အတွက် အိန္ဒိယအပါအဝင် နိုင်ငံခြောက်နိုင်ငံ ပါဝင်စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယား၊ နီကာရာဂွါနိုင်ငံနှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့တို့သည် ဇန်နဝါရီ ၁၉ မှ ၂၄ ရက် အတွင်းရောက်ရှိလာကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် သက်ဆိုင်သူများအားလုံးပါဝင်ကာ တရားမျှတသည့်ရွေးကောက်ပွဲလိုလားကြောင်း၊ အိန္ဒိယကိုယ်စားပြုမဟုတ်ဘဲ ပုဂ္ဂလိကအစီအစဉ်ဖြင့် စစ်ကော်မရှင်၏ ရွေးကောက်စောင့်ကြည်သူရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ဖော်ပြောကြားထားသည်။

 

ယင်းပြင် စစ်ကောင်စီကျင်းပသည့်ရွေးကောက်ပွဲကို အာဆီယံအသိအမှတ်မပြုကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဆန် က ဇန်နဝါရီ ၂၀ ရက်နေ့က ပြောကြားသည်။

 

ပြီးခဲ့သည့်အတုအယောင်ရွေးကောက်ပွဲ အပိုင်း နှစ်ပိုင်းတွင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ကိုး နိုင်ငံတို့က နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေးအဖွဲ့အပါအဝင် သံတမန်အဖွဲ့အစည်းများက ကိုယ်စားလှယ်စုစုပေါင်း ၁၃၉ ဦးစောင့်ကြည်ကြောင်း စစ်ကော်မရှင်ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – စစ်ကော်မရှင်