ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ရုရှားနဲ့ယူကရိန်းကြား ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အမေရိကန်ုနိုင်ငံမှ စေ့စပ်ညှိ နှိုင်းရေးမှူးတွေ ပူးပေါင်းခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သောကြာနေ့က ယူအေအီးနိုင်ငံမှာ စတင်ခဲ့ပြီး နှစ်ရက်ကြာမြင့်မယ် လို့ သိရပါတယ်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့မှာ သမ္မတရုံး အကြီးအကဲ ခိုင်ရီလိုဘူဒါနော့ဗ်နဲ့ အမျိုးသား လုံခြုံ ရေးနဲ့ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ရုစတမ်အူမာရော့ဗ်တို့ ပါဝင်ပါတယ်။
ရုရှားနိုင်ငံက စစ်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ အိုင်ဂေါ်ကော့စတူကော့ဗ်နဲ့ အခြား စစ် ဘက်အရာရှိတွေ စေလွှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝှစ်ကော့ဗ်နဲ့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ သားမက် ဂျာရက်ကုရှ်နာတို့ ပူးပေါင်းခဲ့ပါတယ်။
စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန် စကီးက သောကြာနေ့မှာ လူမှုကွန်ရက်၌ ရုပ်သံဖိုင်တစ်ခု တင်ခဲ့ပါတယ်။
“ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်။ မနက်ဖြန်မှာ ဆွေးနွေးမှုတွေ ဘယ်လို တိုးတက်လာ ပြီး ဘာရလဒ်တွေထွက်တယ်ဆိုတ ကျွန်တော်တို့ မြင်တွေ့ရပါမယ်” လို့ ၎င်းက ဆိုပါတယ်။
ဆွေးနွေးမှုရဲ့ အရေးကြီးဆုံး အချက်တွေထဲကတစ်ချက်မှာ အရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ဒေသဖြစ် တယ်လို့ သူက ပြောပါတယ်။
ရုရှားနိုင်ငံက အပေးအယူလုပ်မှာမဟုတ်ပဲ ယူကရိန်းစစ်တပ်ဟာ ဒွန်းဘတ်စ်ဒေသမှ ဆုတ်ခွာရ မယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က သောကြာနေ့မှာ အရိပ်အမြွက်ထုတ် ပြောခဲ့ပါတယ်။
ကိုးကား – NHK
Ref; US joins Russia and Ukraine for peace talks