ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၂၄ ရက်

 

မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ (Delta National Force) ၏အခြေခံစစ်ပညာသင်တန်းအမှတ်စဥ် ၃ ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းမှ ဧရာ၀တီအပါအဝင် တနိုင်ငံလုံး လွတ်မြောက်ရေးတိုက်ပွဲဝင်မည့် PDF ရဲဘော် ၆၁ ဦး မွေးထုတ်သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းသို့ ဧရာ၀တီတိုင်းအပါအဝင် တနိုင်ငံလုံးမှ လူငယ်ပေါင်း ၆၁ ဦး တက်ရောက်ခဲ့ပြီး စစ်ရေးပြ၊ အခြေခံစ်ပညာနှင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရေးသင်ခန်းစာများ သင်ကြားပေးခဲ့ကြောင်း မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ – DNF ၏ဦးဆောင်သူများထံက သိရသည်။

“သင်တန်းသား ၆၁ ဦးမှာဆိုရင် ဧရာ၀တီတိုင်းကအများဆုံးပါတယ်။ ပြီးတော့ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်က လူငယ်တွေလည်း ပါတယ်။ ဒီတခေါက်အပတ်စဥ် ၃ က အခြေခံစစ်သင်တန်းဆိုပေမယ့် ကွန်မန်ဒိုသင်တန်း နီးနီးကို မောင်းခဲ့တယ်။ လူငယ်တွေကလည်း အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် အားကြိုးမာန်တက် သင်ယူကြပါတယ်”ဟု DNF တပ်တာဝန်ခံ ရဲဘော်စိုင်းဝေလင်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

DNF တပ်ဖွဲ့အနေဖြင့် လက်ရှိတွင် မြန်မာပြည်အလယ်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ PDF တပ်များ၊ အခြားသောမဟာမိတ်တပ်များနှင့်ပူးပေါင်း၍ စစ်အာဏာရှင် အမြစ်ဖြတ်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်လျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – မြစ်ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ (Delta National Force)