အဝေးသင်တက်ဖို့ပြန်တဲ့ ရန်ကုန်တိုင်းလူကုန်တားရဲတပ် ဖွဲ့က အမျိုးသမီးရဲမေ ၁ ဦး ရွှေကူမြို့နယ်အတွင်းပျောက်ဆုံးနေ

စနိုး/ဧရာဝတီတိုင်းမ်

(ရွှေကူ)၊ စက်တင်ဘာ ၈ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းမှာ စစ်အုပ်စုလက်အောက်ခံ ရန်ကုန်တိုင်းလူကုန်တားရဲတပ် ဖွဲ့ဝင် အမျိုးသမီးရဲမေ ၁ ဦး စက်တင်ဘာလ ၆ ရက်နေ့ကစ၍ ပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံကသိရပါတယ်။

ပျောက်ဆုံးနေသူဟာ ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့က အမျိုးသမီးရဲတပ်သား ရတနာထက်မင်း ဆိုသူဖြစ်ပြီး ဗန်းမော်မြို့ကိုအဝေးသင်တက္ကသိုလ်တက်ရောက်ရန်အတွက် စာသင်ခွင့်ဖြင့် သွားရောက်စဉ် ရွှေကူမြို့နယ်အတွင်း ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

” သူက ရန်ကုန်တိုင်းလူကုန်တား ရဲတပ်ဖွဲ့က၊ ဗန်းမော်ကိုရေယာဉ်နဲ့ပြန်တာ။ ရွှေကူနားမှာ ပျောက်နေတာပေါ့၊ အဖမ်းခံလိုက်ရတယ်လို့လည်းသိရတယ်၊ ဘယ်အဖွဲ့ကဖမ်းသွားတယ်ဆိုတာတော့ အသေအချာမသိဘူး”ဟု ရန်ကုန် တိုင်းမြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောဆိုသည်။

အဆိုပါရဲမေအမျိုးသမီးနှင့်သူ၏မိခင်ဖြစ်သူ Non- CDM အထက်တန်းပြဆရာမတို့ကို ရွှေကူမြို့နယ် အတွင်း တွင် လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အခြားရဲသတင်းရင်းမြစ်များထံကသိရသော် လည်း ဖမ်းဆီးခံရမှုအခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါ။

ဧရာဝတီတိုင်းမ်အနေဖြင့် အဆိုပါ ရွှေကူဒေသအတွင်းလှုပ်ရှားနေသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရသေးပေ။

စက်တင်ဘာလ ၃ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ဝဲကလိရွာအခြေစိုက် အမှတ် ၄ တန်းမြှင့်လေ့ ကျင့်ရေးကျောင်း (တတက ၄) က သင်တန်းဆင်းပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သံဖြူ ဇရပ်မြို့ နယ်နဲ့ ရေးမြို့နယ်အကြားတွင် လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။

#AyeyarwaddyTimes