ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

အီရန်နိုင်ငံအပေါ် ဖိအားတိုးပေးမှုအဖြစ် အီရန်နဲ့ စီးပွားရေးလုပ်တဲ့ မည်သည့်တိုင်းပြည်ကိုမဆို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါ တယ်။

“အီရန်သမ္မတနိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့ ဘယ်တိုင်းပြည်မဆို အမေရိကန်နိုင်ငံကို စည်းကြပ် ခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရပါမယ်” လို့ ၎င်းက တနင်္လာနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။

အီရန်ရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံတွေထဲမှာ တရုတ်၊ ယူအေအီးနဲ့ တူရကီတို့ ပါဝင်ပြီး အီရန် ဟာ ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်နေပါတယ်။

အီရန်နိုင်ငံတစ်ဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပျံ့နှံ့လာခဲ့လို့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား လူအသေအပျောက်ရှိတဲ့ ပဋိပက္ခတွေ ဖြစ်လာနေချိန်မှာ ဒေါ်နယ်ထရမ့်က အခုလို ကြေ ညာခဲ့တာပါ။

အမေရိကန်က အီရန်နိုင်ငံကို စစ်ရေးအရ အရေးယူဖို့ စဉ်းစားနေတယ်လို့လည်း ဒေါ်နယ်ထရမ့် က ဆက်ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်မှူးတွေ စားပွဲဝိုင်းမှာ ဆွေးနွေးနေတဲ့ ရွေးချယ်စရာတွေထဲ က တစ်ခုဖြစ်ပါတယ်။ သံခင်တမန်ခင်းဟာ သမ္မတအတွက် ပထမ ရွေးချယ်စရာ ဖြစ်ပါတယ်” လို့ အိမ် ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗက်က အစောပိုင်းမှာ ပြောပါတယ်။

ဆန္ဒပြသူတွေကို သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်မှု မပြုလုပ်မီ သံခင်းတမန်ခင်းအရ ကြိုးစား ကြည့်ဖို့ ဒုတိယသမ္မတ ဂျေဒီဗန့် ဉီးဆောင်တဲ့ အကြီးတန်း အစိုးရအရာရှိတွေက ဒေါ်နယ်ထရမ့်ကို တိုက် တွန်းနေတယ်လို့ သိရပါတယ်။

အီရန်အရေး ဆုံးဖြတ်ချက်ချဖို့ ဒေါ်နယ်ထရမ့်ဟာ ယနေ့ အကြီးတန်း လက်ထောက်တွေနဲ့ တွေ့ ဆုံခဲ့တယ်လို့ The Wall Street ဂျာနယ်က ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Trump ramps up pressure on Iran, threatens 25% tariff on trade partners