ထားဝယ်-ထီးခီးလမ်း ပိုင်း ဝါးတောရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၁၂ ဦးသေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၈ ရက်

တနင်္သာရီတိုင်း၊ထားဝယ်-ထီးခီးလမ်းပိုင်း ဝါးတောရွာ အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ဘက်ကသတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၆ ရက် နေ့လည် ၁၂ နာရီခန့်အချိန်တွင် ထားဝယ်-ထီးခီးလမ်းပိုင်း ဆာကေဆာ တပ်ပဟာ တပ်ရင်း ၁ နယ်မြေ အမိုးခီးနော်သူးက္လိုရွာအနီးတွင်ဗိုလ်ကောလော ဦးဆောင်သော ကော်သူးလေတပ်မတော်(KTLA)/Nway Oo Guerrilla Force(နွေဦပြောက်ကျားတပ်)မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ၏ ခလရ ၂၆၅ စစ်ကြောင်းတို့၂ နာရီ ဝန်းကျင်ခန့်

ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ဒုတပ်ရင်းမှူး ၁ ဦးအပါဝင် စစ်ကောင်စီတပ်သား ၁၂ ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ၄၀ မမ ဗုံးပစ်လောင်ချာအပါအဝင် MA3 ၄ လက်၊၄၀ မမဗုံးသီး ၁၁ လုံး၊ကျည်ဘောက် ၈ ခု၊ ပစ္စတို ၁ လက်၊၆၀ မမ ဗုံးသီး ၁ လုံး၊ရှေ့ထွက်မိုင်း (လိပ်ခုံး) ၁ လုံး၊ဆယ်သွယ်ရေး စက် ၁ လုံးအပါအဝင် စစ်အသုံးဆောင် ပစ္စည်း

အချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း KTLA နှင့် နွေဦးပြောက်ကျားတပ် NOGF တပ် ပူးပေါင်း အဖွဲ့ ရဲဘော်များမှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#Ayeyarwaddy_Times