ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

စနေနေ့မှာ အီရန်၌ စီးပွားရေးအခက်အခဲတွေကြောင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ် ပွားနေချိန် ထိပ်တန်းတပ်ဖွဲ့က လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်းဟာ ချိုးဖောက်၍မရသော အနီ ရောင်မျဉ်းဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ အစ္စလာမ္မစ် တော်လှန်ရေး အောင်မြင်မှုတွေကို ကာကွယ်ဖို့ စဉ်းစားပြီး လူ့အသိုင်းအဝိုင်းလုံခြုံရေးကို စောင့်ရှောက် ခြင်းဟာ မဖြတ်ကျော်ရမယ့် အနီရောင်မျဉ်းတစ်ခုလို့ ပြောပါတယ်။

ဒီဇင်ဘာလေနှောင်းပိုင်းကတည်းက အီရန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး အနောက် နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်တာကို လျှော့ချပေးဖို့ အစိုးရကို တောင်း ဆိုနေပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေကြောင့် လက်ရှိအချိန်ထိ လူ ၁၁၆ ဉီး သေဆုံးခဲ့ပြီလို့ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။

အစ္စလာမ္မစ်တော်လှန်ရေးအတွင်း ဖြုတ်ချခံခဲ့ရတဲ့ အီရန်နိုင်ငံ နောက်ဆုံး ရှားဘုရင်ရဲ့ သားတစ်ဉီး ဖြစ်သူ ရီဇာပါလာဗီဟာ အမေရိကန်နိုင်ငံမှာ ခိုလှုံလျက်ရှိပါတယ်။

ရီဇာက လူမှုကွန်ရက်မှာ သတင်းစကားတစ်ရပ် ရေးသားတင်ကာ စနေနဲ့တနင်္ဂနွေနေ့တွေမှာ ဆန္ဒ ပြကြဖို့ အီရန်ပြည်သူတွေကို တောင်းဆိုပါတယ်။

စနေနေ့က တီဟီရန်မြို့တော်မှာ ဆန္ဒပြသူတွေဟာ ‘အာဏာရှင် သေဆုံးပါစေ” လို့ သံပြိုင်ဟစ် ကြွေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လူမှုကွန်ရက်မှာ စာရေးသားကာ အမေရိကန် နိုင်ငံက ရဲရင့်သော အီရန်ပြည်သူတွေကို ထောက်ခံတယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သောကြာနေ့က အီရန်အာဏာပိုင်တွေကို သတိပေး မှု ထပ်မံပြုလုပ်ကာ ပြည်သူတွေကို သတ်ဖြတ်မှုပြုလုပ်ပါက အမေရိကန်နိုင်ငံက အီရန်ပြည်တွင်းရေးမှာ ဝင်ပါရမယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Iran’s Revolutionary Guards: Safeguarding security is a red line