ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
ထိုင်ဝမ်ရဲ့အနာဂတ်ဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အပေါ် မူတည်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က စစ်ရေးနည်းလမ်းနဲ့ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းပါက သူ့အ နေနဲ့ ပျော်ရွှင်မှာမဟုတ်ဖူးလို့ ၎င်းက ဆိုပါတယ်။
အမေရိကန်စစ်တပ်က ဗင်နီဇွဲလားသမ္မတ နီကိုးလတ်မာဒူရိုအား ဖမ်းဆီးမှုမှာ တရုတ်နိုင်ငံအ တွက် ထိုင်ဝမ်အား အင်အားသုံးပြီး တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းဖို့ နမူနာတစ်ခု ဖြစ်လာနိုင်တယ် ဆိုတာကို ၎င်းက ပယ်ချခဲ့ပါတယ်။
“တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆပါတယ်။ သူဘာဆက်လုပ်မယ်ဆိုတာ သူ့အပေါ် မူတည်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
၂၀၂၉ ခုနှစ်အစောပိုင်းမှာ ကုန်ဆုံးမယ့် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ရှီကျင့်ဖျင်က ထိုင်ဝမ်ကို သိမ်းပိုက်မှာမဟုတ်ဖူးလို့ ယူဆကြောင်း ၎င်းက ထပ်ပြောပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ဗင်နီဇွဲလားနိုင်ငံအပေါ် တိုက်ခိုက်မှုကို ဝေဖန်ခဲ့ပြီး ထိုင်ဝမ်အရေး တင်းမာသော ရပ်တည်ချက်ကို ထုတ်ဖော်ပြောပြီး နောက်တစ်ရက်မှာ ဒေါ်နယ်ထရမ့်က အခုလို မှတ်ချက် ပြုတာပါ။
အခြားတိုင်းပြည်တွေလို အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေး မရှိပေမယ့် ထိုင် ဝမ်ကို ဥပဒေအရ ကာကွယ်ပေးဖို့ စစ်လက်နက်တွေ ထောက်ပံ့ပေးပါတယ်။
အမေရိကန်အစိုးရဟာ ထိုင်ဝမ်အတွက် ပမာဏအများဆုံး စစ်လက်နက်ရောင်းချမှုအဖြစ် ဒေါ် လာ ၁၁ ဒသမ ၁ ဘီလီယံကျော်တန်ကြေးရှိ စစ်လက်နက်တွေရောင်းချမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါ တယ်။
စစ်အင်အား တည်ဆောက်ခြင်းအားဖြင့် ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ တ ရုတ်နိုင်ငံနဲ့ ပဋိပက္ခမဖြစ်အောင် ဟန့်တားဖို့ရည်ရွယ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ကိုးကား – Independent