ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
အမေရိကန်နိုင်ငံဟာ ဂရင်းလန်ကျွန်းနှင့်ပတ်သက်ပြီး ၎င်းတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ တစ်ခုခု လုပ်ဆောင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
သောကြာနေ့က အိမ်ဖြူတော်မှာ ရေနံကုမ္ပဏီများမှ အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံစဉ် သူက အခုလို မှတ်ချက်ပေးခဲ့တာပါ။
အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို မပိုင်ဆိုင်ရင် ရုရှား သို့မဟုတ် တရုတ်က သိမ်းပိုက်မှာဖြစ် လို့ ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့ “လွယ်ကူတဲ့နည်းလမ်း” နဲ့ သဘောတူညီချက်တစ်ခု ရချင်တယ်လို့ ၎င်း က ပြောပါတယ်။
ဒေါ်နယ်ထရမ့်က သူဟာ ဒိန်းမတ်နိုင်ငံကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပေမယ့် ဂရင်းလန် ကျွန်းကို ပိုင်ဆိုင်ကြောင်း ဒိန်းမတ်ရဲ့ တောင်းဆိုမှုကိုလည်း မေးခွန်းထုတ်လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ အမေရိကန် တာဝန်ရှိသူတွေဟာ အမေရိကန်လုံခြုံရေးကို မြှင့်တင်ဖို့နဲ့ စီးပွားရေး နဲ့ သတ္တုတူးဖော်ရေး သဘောတူညီချက်များကို စူးစမ်းလေ့လာဖို့ ဂရင်းလန်ကျွန်းကို ထိန်းချုပ်လိုကြောင်း ပြောခဲ့ဖူးပါတယ်။
အိမ်ဖြူတော်က ဂရင်းလန်ကျွန်းကို ပိုင်ဆိုင်ရေး စစ်ရေးရွေးချယ်စရာများကို စဉ်းစားနေကြောင်း ထုတ်ဖော်ပြောပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ်က ယင်းသို့လုပ်ဆောင်ပါက နေတိုးအဖွဲ့ကို အဆုံးသတ် စေမယ်လို့ သတိပေးခဲ့သည်။
“ကျွန်တော်တို့က ရုရှား သို့မဟုတ် တရုတ်ကို ဂရင်းလန်ကျွန်းကို သိမ်းပိုက်ခွင့်ပေးလို့ မရပါဘူး။ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ကိုးကား – CNN
Trump says US will act on Greenland ‘whether they like it or not’