ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပယ်ချဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီ ရင်ခံတင်ပြသူ တွမ်အန်ဒရူးက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
“ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့၊ တရားဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စားဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မြန်မာနိုင်ငံသားတွေအပေါ် ကြီးမားတဲ့ ဖိအားတွေ ပေးခဲ့တဲ့ ပြဇာတ်တစ်ခုပါပဲ” လို့ သူက ဆိုပါတယ်။
“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ပြည်သူတွေရဲ့အနာဂတ်ဖြစ် တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြသင့်ပါတယ်။ မြန်မာပြည်သူတွေကို ထောင်ချ၊ တိတ်ဆိတ်စေတဲ့ အကြမ်းဖက်သမားတွေရဲ့ အနာဂတ်မဟုတ်ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
“စစ်တပ်ကျောထောက်ခံပါတီက အပြတ်အသတ် အနိုင်ရတယ်ဆိုတာ ဘယ်သူမှ အံ့အားသင့်မှာ မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ရွေးကောက်ပွဲတွေကို သူတို့ရဲ့ကိုယ်စားလှယ်လောင်းတွေအတွက် အောင်ပွဲခံ ဖို့၊ စစ်တပ်လွှမ်းမိုးမှုကို ခိုင်မာအောင်လုပ်ဖို့နဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ မလျော့ပါးသွားအောင် တရားဝင်မှုပုံစံ ဖန်တီးဖို့ စီစဉ်ခဲ့တာပါ” လို့ တွမ်အန်ဒရူးက ပြောပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ လူငယ်တွေကို စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်ခဲ့ရာ နိုင်ငံ ရေးအရ ပါဝင်မှုမဟုတ်ပဲ အတင်းအကျပ် လုပ်ဆောင်မှုလို့ သူက ထောက်ပြပါတယ်။
“နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ထောင်ထဲထည့်ထားတာ၊ ယုံကြည်ရတဲ့ အတိုက် အခံပါတီတွေ ဖျက်သိမ်းခံရတာ၊ သတင်းထောက်တွေကို ပါးစပ်ပိတ်ထားတာ၊ အခြေခံလွတ်လပ်ခွင့်တွေ ဖျက်ဆီးခံရတာတွေ ရှိနေချိန်မှာ လွတ်လပ်၊ တရားမျှတ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့အားလုံးအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမှ ရှောင်ကြဉ်ရန် ၎င်းက တောင်းဆိုခဲ့ပြီး လက်နက်ကိုင်များက အရပ်သားတွေအပေါ် တိုက်ခိုက်မှုဟာ တရားမဝင်ပြီး လက်ခံနိုင် စရာမရှိဘူးလို့ ပြောပါတယ်။
ကိုးကား – https://www.ungeneva.org/
Ref; Myanmar vote a ‘facade’ to entrench military rule, independent rights expert says