
မအူပင်မြို့တွင် မီးလောင်မှုဖြစ်ပွားပြီး ဒေသခံတစ်ဦး သေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၁၀) ရပ်ကွက်၊ ရတနာဗိမ္မာန်ဘုန်းကြီးကျောင်းရှေ့၊ လူနေအိမ်တစ်အိမ်တွင် ယနေ့ ညပိုင်း ၉နာရီခွဲဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်မှုအတွင်း အိမ်ပိုင်ရှင်အမျိုးသားတစ်ဦး မီလောင်မှုအတွင်း သေဆုံးခဲ့ပြီး နေအိမ်မှာလည်း မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူအမျိိုးသားမှာ လေဖြတ်သည့်ရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး မီးလောင်ရသည့်အကြောင်းအရင်းအား မသိရှိရသေးကြောင်း မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
#BreakingNews #မအူပင် #မီးလောင်
#Ayeyarwaddy_Times