ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

အီရန်အာဏာပိုင်တွေက ဆန္ဒပြသူတွေ အပါအဝင် နိုင်ငံသားတွေကို သတ်ဖြတ်ပါက အမေရိကန် နိုင်ငံက စစ်ရေးအရ အရေးယူနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းကတည်းက အီရန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး ဆန္ဒပြသူတွေ က အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကို ဆန္ဒ ဖော်ထုတ်နေကြတာပါ။

ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေအတွင်း လူ ၁၁ ဉီး သေဆုံးခဲ့ပြီလို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ဆက်နွှယ်တဲ့ တက်စနင်သတင်းဌာနက ဖော်ပြပါတယ်။

အီရန်နိုင်ငံမှာ သေဆုံးသူ ၄၂ ဉီးအထိ ရှိလာခဲ့ပြီလို့ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအ ဖွဲ့တစ်ခုက ပြောပါတယ်။

အီရန်အစိုးရပြိုလဲဖို့ ရည်ရွယ်သလားဟု ကြာသပတေးနေ့က ကွန်ဆာဗေးတစ် မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်ကို မေးမြန်းရာမှာ မှတ်ချက်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

“အီရန်အာဏာပိုင်တွေက ပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို စစ်ရေးအ ရ အရေးယူနိုင်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်နယ်ထရမ့်ရဲ့ မကြာသေးမီက လုပ်ရပ်တွေနဲ့ ကမ္ဘာ့ရေးရာ မှတ် ချက်တွေအပေါ် အနီးကပ် စောင့်ကြည့်နေပါတယ်။

အမေရိကန်အစိုးရဟာ ဒီလအစောပိုင်းက ဗင်နီဇွဲလားမှာ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ပြီး ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းကို သိမ်းပိုက်လိုတဲ့ ဆန္ဒရှိတယ်လို့ ဒေါ် နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump suggests possible US attack on Iran if Tehran kills protesters