ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

ရုရှားနိုင်ငံနဲ့ အပစ်အခတ်ရပ်စဲပြီးပါက ယူကရိန်းသို့ နိုင်ငံစုံတပ်ဖွဲ့ စေလွှတ်ဖို့ ဥရောပရှိ ခေါင်း ဆောင်တွေက သဘောတူခဲ့ပါတယ်။

ရုရှား တာဝန်ရှိသူတွေက ယူကရိန်းသို့ နိုင်ငံစုံတပ်ဖွဲ့ စေလွှတ်မယ့်ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခုလို့ ပြောဆိုလိုက်ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကြာသပတေးနေ့က အမေရိကန်နဲ့ဥရောပရဲ့ ယူကရိန်းသို့ နိုင် ငံစုံတပ်ဖွဲ့ စေလွှတ်မယ့်အစီအစဉ်ကို သတိပေးတဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားစစ်တပ်က အနောက်တိုင်းတပ်ဖွဲ့တွေကို တရားဝင် တိုက်ခိုက်ရေးပစ်မှတ်တွေအဖြစ် စဉ်း စားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဥရောပညွန့်ပေါင်းအဖွဲ့မှ ခေါင်းဆောင်တွေဟာ ယူကရိန်းကိုကူညီမယ့် နည်းလမ်းတွေဆွေးနွေး ဖို့ အင်္ဂါနေ့က ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန် အထူးကိုယ် စားလှယ် စတိဗ်ဝှစ်ကော့ခ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

နိုင်ငံစုံတပ်ဖွဲ့ကို အမေရိကန်နိုင်ငံက ပံ့ပိုးကူညီကာ ပြင်သစ်နဲ့ဗြိတိန်တပ်ဖွဲ့တွေလည်း ပူးပေါင်း ဖွယ်ရှိတယ်လို့ ဥရောပခေါင်းဆောင်တွေက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဇီလန်စကီးက ကြာသပတေးနေ့မှာ ယူကရိန်းနဲ့ အမေရိကန်ကြား လုံခြုံရေး အာမခံချက်တွေကို ရှင်းပြခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သဘောတူညီချက် အပြီးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါ တယ်။

ကိုးကား – NHK
Ref; Russia criticizes Europe-US plan to deploy troops to Ukraine