ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
လာမယ့်နှစ်အတွက် တိုင်းပြည်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
“အလွန်အန္တရာယ်များတဲ့ အချိန်မှာ ၂၀၂၇ ခုနှစ်အတွက် စစ်ရေးဘတ်ဂျက်ဟာ ဒေါ်လာ ၁ ထရီလီ ယံ မဖြစ်သင့်ဘဲ ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံသာ ဖြစ်သင့်ပါတယ်” လို့ ၎င်းက ဗုဒ္ဓဟူးနေ့မှာ လူမှုကွန် ရက်၌ ရေးသားခဲ့ပါတယ်။
ကွန်ဂရက်မှ အမတ်တွေ၊ အခြား နိုင်ငံရေးကိုယ်စားလှယ်တွေနဲ့ ခက်ခဲစွာ ဆွေးနွေးပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာလမှာ ကုန်ဆုံးမယ့် လက်ရှိဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်မှာ အကြမ်း ဖျင်း ဒေါ်လာ ၉၀၀ ဘီလီယံရှိရာ သမိုင်းတစ်လျှောက် ပမာဏအများဆုံး ဖြစ်ပါတယ်။
စည်းကြပ်ခွန်ကောက်ခံမှုမှ ပမာဏများပြားသော ဝင်ငွေမရရှိပါက ကာကွယ်ရေးဘတ်ဂျက်ကို ဒေါ်လာ ၁ ထရီလီယံသာ သုံးစွဲမယ်လို့ သူက ဆိုပါတယ်။
ကာကွယ်ရေးဘတ်ဂျက်ကို ရန်ပုံငွေထောက်ပံ့ဖို့ အမေရိကန်အစိုးရရဲ့ စည်းကြပ်ခွန်အစီအမံများမှ ဝင်ငွေကို အသုံးပြုမယ့် သူရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောခဲ့တာပါ။
ကာကွယ်ရေး အသုံးစရိတ်ပါဝင်တဲ့ ဘတ်ဂျက်အဆိုပြုမှုကို အသေးစိတ် ရေးဆွဲတဲ့လုပ်ငန်းစဉ် ပြီး စီးပါက ကွန်ဂရက်သို့ တင်ပြမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Trump aims to boost military budget to $1.5 trillion