ဝါးတောရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရကာ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ စက်တင်ဘာ ၇

တနသာ်ရီတိုင်း၊ထားဝယ်မြို့နယ်၊ထားဝယ်-ထီးခီးလမ်းပိုင်း အရှေ့တော့နယ် ဝါးတောကျေးရွာအနီး လမ်းခုလတ်မှာ စစ်ကောင်စီတပ်သားတွေ ကိုကော်သူလေး နှင့် PDF အဖွဲ့တို့ကကြားဖြတ်တိုက်ခိုက်ခံရတယ် လို့ ဒေသခံတွေထံကသိရပါတယ်။

ယမန်နေ့ စက်တင်ဘာ ၆ ရက်မနေ့က တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ၄ ဦးထက် မနည်းသေဆုံးခဲ့တယ် လို့ ကရင် ဒေသတွင်းသတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။

“အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက် ၊ ဗုံးသီးအချို့နဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့တယ်။ ဒီတိုက်ပွဲကို ကျွန်တော်တ်ို့ ကော်သူးလေတပ်မတော်နှင့် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် “လို့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ထားဝယ်-ထီးခီးလမ်းပိုင်းကို စက်တင်ဘာ ၆ ရက်နေ့မှအောက်တိုဘာလ ၅ ရက်နေ့အထိ ညနေ ၆ နာရီမှ မနက် ၆ နာရီ အထိ ညမထွက်ရအမိန့်ထုတ် ပြန်ထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထားဝယ်ခရိုင်တပ်ဦး နှင့် ကော်သူးလေတပ်မတော်က သတိပေးချက်ထုတ်ပြန်ထားပါသေးတယ်။

ထို့ပြင် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သုံးရက်အတွင်းမှာ ထားဝယ်ထီးခီးလမ်းတလျှောက်စစ်ကောင်စီတပ်သားတွေ ဆက်တိုက်တိုက်ခိုက်ခံရပြီး သေဆုံးသူအများအပြားရှိခဲ့ပါတယ် လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ – သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေ။(Photo – Kwe Ka Lu News)
#Ayeyarwaddy_Times