မြန်မာ့အကျပ်အတည်းကို ထိန်းချုပ်ထားနိုင်ပြီး ရွေး ကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၇ ရက်

မြန်မာပြည်တွင်းက တော်လှန်ပုန်ကန်မှုတွေကို ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်က ပြည်ပရဲ့ ဝင်ရောက်စွက် ဖက်မှုမရှိဘဲ လာမယ့်နှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျင်းပမယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

လာမည့်နှစ် သြဂုတ်လမှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းရေး ဆွေးနွေးဖို့ စောလွန်းနေ ပြီး အာဏာသိမ်းစစ်ကောင်စီက အာဏာတည်မြဲရေးလုပ်ဆောင်ဖို့ အချိန်အများကြီးရှိတယ်လို့ ရုရှားသတင်းဌာန RIA နဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ မင်းအောင်လှိုင်က ပြောပါတယ်။

“မကြာမီ ရွေးကောက်ပွဲကျင်းပမယ်လို့ ကျွန်တော်တို့ ကတိပြုပြီး ရွေးကောက်ပွဲကျင်းပဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးပမ်းနေပါတယ်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

“ရွေးကောက်ပွဲကို ပြည်ပဖိအားမရှိဘဲ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရွေးကောက်ပွဲက တရား မျှတပြီး ပွင့်လင်းမြင်သာမှု ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲကို ပြည်ပဖိအားမခံဘဲ ပြုလုပ်မှာ ဖြစ်ပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

အခြားငွေကြေး အသုံးပြုရတာ အခက်အခဲတွေရှိတာကြောင့် ရုရှားမှ ရေနံဝယ်ယူကာ ရူဘယ်ငွေနဲ့ ပေး ချေမယ်လို့ စီးပွားရေးထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်က ပြောပါ တယ်။

မြန်မာနဲ့ရုရှားက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အလိုရှိပြီး အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရှိ အကြမ်း ဖက်သမားတွေကို ရန်ပုံငွေထောက်ပံ့ကာ လက်နက်တပ်ဆင်ပေးနေတယ်လို့ အကြမ်းဖက်လူသတ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

“အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ ဒီနှစ် ဧပြီလနောက်ပိုင်း သူတို့ရဲ့ တပ်ဖွဲ့ဝင်အရေအတွက်နဲ့ တိုက်ခိုက်မှုပမာဏ သိသိသာသာ လျှော့ချသွားခဲ့ပါပြီ” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ကိုးကား – Reuters

Ref; Myanmar conflict under control, junta chief says