ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

အီရန်ခေါင်းဆောင် အယာတိုလာခါမေနီဟာ တိုင်းပြည်တွင်း လက်ရှိဆန္ဒပြပွဲတွေက သူ့ရဲ့လုံခြုံ ရေးတပ်ဖွဲ့ကို အနိုင်ရပါက ရုရှားနိုင်ငံသို့ထွက်ပြေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲတွေက အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလာခဲ့ရာ လူ ၃၅ ဉီးထက်မနည်း သေဆုံးခဲ့တယ် လို့ အမေရိကန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့တစ်ခုရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်လေးဉီး ပါဝင်ပြီး ဆန္ဒပြပွဲတွေအတွင်း လူ ၁၂၀၀ ကျော် ဖမ်းဆီး ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ တာဝန်ပေးထားတဲ့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့က ဘက်ပြောင်းသွားခြင်း သို့မဟုတ် အမိန့်တွေကို မလိုက်နာကြောင်း ရှင်းလင်းစွာ သိရပါက အသက် ၈၆ နှစ်အရွယ် ခါမေနီဟာ လက်ထောက် ၂၀ ဉီး၊ မိသားစုနဲ့အတူ တီဟီရန်မြို့တော်မှ ထွက်ပြေးမယ်လို့ ထောက်လှမ်းရေး သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။

ဒုတိယအစီအစဉ်အဖြစ် ခါမေနီနဲ့ သူ့အနီးကပ် အပေါင်းအပါတွေ၊ သူ့သားအပါအဝင် မိသားစုဟာ သူ့နေရာကို ဆက်ခံသူအဖြစ် မော့တာဘာကို ရွေးချယ်ထားတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါ တယ်။

ဆန္ဒပြသူအချို့က ခါမေနီကိုဖြုတ်ချဖို့ တောင်းဆိုနေပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂၅၀ ခန့်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၄၅ ဉီး ဆန္ဒပြပွဲတွေအတွင်း ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန Fars က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ခါမေနီဟာ ပူတင်ကို လေးစားအားကျပြီး အီရန်ယဉ်ကျေးမှုဟာ ရုရှားယဉ်ကျေးမှုနဲ့ ပိုဆင်တူတာ ကြောင့် အီရန်မှ ထွက်ပြေးပါက ရုရှားကို ရွေးချယ်လိမ့်မယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်က ဆက် ပြောပါတယ်။

သူ့ရဲ့အစီအစဉ်မှာ ထွက်ပြေးဖို လိုအပ်တယ်လို့ ခံစားရပါက တီဟီရန်မှ ထွက်ခွာဖို့လမ်းကြောင်းနဲ့ ၎င်းတို့၏ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ဖို့ ပြည်ပရှိ ပိုင်ဆိုင်မှုတွေ၊ အိမ်ခြံမြေတွေနဲ့ ငွေသား စု ဆောင်းခြင်း” ပါဝင်တယ်လို့ သိရပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နှိမ်နင်းမယ့် အီရန်အစိုးရရဲ့ ကြိုးပမ်းမှုတွေဟာ လက်ရှိအချိန် ထိ မအောင်မြင်ခဲ့ပဲ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းပါက အီရန်ပြည်တွင်းရေးမှာ ဝင်ပါရမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် အခြေအနေ ပိုရှုပ်ထွေးစေခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က တိုက်တွန်းခဲ့ပြီး ငွေကြေးနဲ့ ဘဏ်လုပ်ငန်းစနစ် တည်ငြိမ်စေမယ့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။

ကိုးကား – Independent
Ref; Ayatollah Khamenei will ‘flee Iran for Moscow’ if protests overwhelm security forces, says intelligence report