ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်
အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို သိမ်းပိုက်မယ့် ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ ဒိန်းမတ် ဝန်ကြီးချုပ် မတ်တေးဖရက်ဒရစ်ဆင်က သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။
“ဂရင်းလန်ကျွန်းကို သိမ်းပိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေ ရပ်တန့်ဖို့ အမေရိကန်နိုင်ငံကို တိုက်ရိုက် ပြောရပါမယ်” လို့ ၎င်းက တနင်္ဂနွေနေ့မှာ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
“အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ ပြောတာက လုံးဝအဓိပ္ပာယ် မရှိပါဘူး။ အမေရိကန်ဟာ ဒိန်းမတ်ဘုရင့်နိုင်ငံထဲက နိုင်ငံသုံးနိုင်ငံထဲက တစ်နိုင်ငံကို သိမ်းပိုက်ပိုင်ခွင့် မရှိပါဘူး။” လို့ သူက ဆိုပါတယ်။
ဂရင်းလန်ကျွန်းဝန်ကြီးချုပ် ဂျန်းဖရက်ဒရက်ဆင်နယ်ဆင်ကလည်း ကြေညာချက်တစ်ရပ် ထုတ် ပြန်ခဲ့ပြီး ဂရင်းလန်ကျွန်းဟာ တိုင်းပြည်တစ်ခုဖြစ်တာကြောင့် လေးစားသမှုရှိရမယ်လို့ ပြောပါတယ်။
အမေရိကန်ဟာ အမျိုးသားလုံခြုံရေးကြောင့် ဂရင်းလန်ကျွန်းကို သိမ်းပိုက်ရမယ်လို့ ဒေါ်နယ်ထ ရမ့်က ပြောကြားခဲ့ပြီး ကာကွယ်ရေးအတွက် ဂရင်းလန်ကျွန်းကို လိုအပ်တယ်လို့ ဆိုပါတယ်။
ဒုတိယစစ်ဉီးစီးချုပ်နဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန အကြံပေး စတီဖင်မီလာရဲ့ဇနီး ကေတီမီလာ က ဂရင်းလန်ကျွန်း မြေပုံပေါ် အမေရိကန်အလံ စိုက်ထူတဲ့ပုံကို လူမှုကွန်ရက် X မှာ တင်ခဲ့ပြီး “မကြာမီ” လို့ ပုံစာရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဒေါ်နယ်ထရမ့်က လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်လန်ဒရီအား ဂရင်းလန်ကျွန်းဆိုင်ရာ ခန့်အပ်ခဲ့ရာ ဖရက်ဒရစ်ဆင်နဲ့ နယ်ဆင်တို့က ဝေဖန်ခဲ့ပါတယ်။
“အမေရိကန်နိုင်ငံက အခြားတိုင်းပြည်ကို သိမ်းပိုက်လို့မရပါဘူး။ ဂရင်းလန်ကျွန်းကို ဂရင်းလန် ကျွန်းသားတွေက ပိုင်ဆိုင်ပြီး အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို လွှဲပြောင်းယူလို့ မရပါဘူး” လို့ ၎င်း တို့နှစ်ဉီးက ပူးတွဲထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – ABC News
Ref; Denmark’s PM urges Trump to ‘stop the threats’ of annexing Greenland