ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
ရုရှားနဲ့စစ်ပွဲ ပြီးဆုံးပြီးနောက် ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံချက်ရှိမှသာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ၉၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်ပေမယ့် အရေးပါတဲ့ ၁၀ ရာခိုင်နှုန်း ကျန်သေးတယ်လို့ ဗုဒ္ဓဟူးနေ့က နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းအတွင်း ၎င်းက ဆိုပါတယ်။
အပြီးသတ် သဘောတူညီချက်တစ်ရပ် ရရှိဖို့ အမေရိကန်နဲ့ဥရောပ အပါအဝင် နိုင်ငံတကာအ သိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ်လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဇီလန်စကီးက ရုရှားနိုင်ငံကိုလည်း ထပ်မံ ဝေဖန်ခဲ့ပြီး ရုရှားဟာ ဆန္ဒအလျှောက် ပဋိပက္ခကို အ ဆုံးသတ်လိုခြင်းမရှိဘူးလို့ ပြောပါတယ်။
ချို့ယွင်းချက်တွေရှိတဲ့ သဘောတူညီချက်တွေဟာ ပဋိပက္ခကို မီးလောင်ရာလေပင့်စေပြီး ခိုင်မာ တဲ့ သဘောတူညီချက်ရှိမှသာ လက်မှတ်ထိုးမယ်လို့ သူက ဆိုပါတယ်။
အမေရိကန်နဲ့ အခြားကိုယ်စားလှယ်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ယူကရိန်းနိုင် ငံအတွက် ပဋိပက္ခအလွန် လုံခြုံရေးအာမခံချက်က အရေးပါသော အချက်တစ်ချက် ဖြစ်လာပြီးနောက် ၎င်းရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာပါ။
ဥရောပတိုက်မှာ ရုရှားရဲ့ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ သူထင်ကြောင်း ဇီလန်စကီးက မီး မောင်းထိုးပြပြီး ယူကရိန်းဟာ ဥရောပရဲ့ သက်သောင့်သက်သာ ဘဝနေထိုင်မှုပုံစံကို ရုရှားကမ္ဘာနဲ့ ခွဲခြား ထားတဲ့ တစ်ခုတည်းသောဒိုင်းဖြစ်တယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: No peace deal without security guarantee