ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံအပြီးမှာ ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ဟာ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး အချက် ၂၀ ပါ အဆိုပြု ချက်ကို ဆွေးနွေးဖို့ တနင်္ဂနွေနေ့က အမေရိကန်နိုင်ငံတောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ တွေ့ဆုံခဲ့ပါ တယ်။
၎င်းတို့နှစ်ဉီးက ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်ကို သဘောတူခဲ့ပေမယ့် ပိုင်နက် နယ်မြေနဲ့ အခြားကိစ္စရပ်တွေမှာ ဘယ်လိုကိုင်တယ်မယ်ဆိုတဲ့ သဘောတူညီမှု မရခဲ့ဘူးလို့ သိရပါတယ်။
ဇီလန်စကီးနဲ့ ဆွေးနွေးခဲ့တာတွေကို ဒေါ်နယ်ထရမ့်က ပူတင့်ကို အသေးစိတ် ရှင်းပြခဲ့တယ်လို့ ရု ရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ယူရီအူရှာကော့ဗ်က ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခကို အမှန်တစ်ကယ် အဆုံးသတ်ဖို့ ဉီးတည်စေမယ့် ဘက်စုံပါဝင်သော သဘောတူညီချက်တစ်ရပ်ရရှိရေး အလေးထားဖို့ ဒေါ်နယ်ထရမ့်က ဇီလန်စကီးကို တိုက်တွန်းခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်လိုတဲ့ ရည်ရွယ်ချက်ကို ပူ တင်က ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။
ရုရှားအနောက်မြောက်ပိုင်း Novgorod ရှိ ရုရှားသမ္မတအိမ်တော်ကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက် ခိုက်မှုတစ်ခုကို ယူကရိန်းက လုပ်ဆောင်ခဲ့တယ်လို့လည်း ပူတင်က ဒေါ်နယ်ထရမ့်ကို ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးက လူမှုကွန်ရက်မှာ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှု စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ကာ ယူကရိန်း ကို ထပ်တိုးတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ရည်ရွယ်တဲ့ လုပ်ဇာတ်ခင်းခြင်းတစ်ခုသာဖြစ်တယ်လို့ ဆိုပါ တယ်။
ကိုးကား – NHK
Ref; Trump speaks to Putin by phone after peace negotiation with Zelenskyy