ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်နဲ့ အမြောက်ကျည် ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့ဖို့နဲ့ လက်နက် စက်ရုံသစ်တွေ တည်ဆောက်ဖို့ ခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေးလိုက်ပါတယ်။
ကင်ဂျုံအန်ဟာ လက်နက်စက်ရုံတွေကို စစ်ဆေးခဲ့ပြီး ခရီးစဉ်ဓာတ်ပုံအချို့ ထုတ်ပြန်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန KCT က သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်၊
ယခုနှစ်အတွင်း ဒုံးကျည်နဲ့ အမြောက်ကျည် ထုတ်လုပ်မှုကဏ္ဍ အောင်မြင်မှုကို ကင်ဂျုံအန်အား တင်ပြခဲ့တယ်လို့ မီဒီယာတွေက ဆိုပါတယ်။
ငါးနှစ်သက်တမ်းရှိ ကာကွယ်ရေးစီမံချက် ပြီးဆုံးတဲ့ ၂၀၂၅ ခုနှစ်မှာ ဒုံးကျည်နဲ့အမြောက်ကျည် ထုတ်လုပ်ရေး ရည်မှန်းချက် အောင်မြင်တဲ့အတွက် ကင်ဂျုံအန်က ဝမ်းမြောက်ခဲ့တယ်လို့ သိရပါတယ်။
ဒုံးကျည်နဲ့အမြောက်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေမှာ လိုအပ်ချက်တွေ ပြည့်မီစေဖို့ မရှိမဖြစ် လို အပ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံအချို့မှာ လက်နက်စက်ရုံတစ်ခုရဲ့ ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ဒုံးကျည်တွေ ကို ဖော်ပြပါတယ်။
အဆိုပါဒုံးကျည်တွေဟာ မြောက်ကိုရီးယားက ရုရှားသို့ ထောက်ပံ့ခဲ့တဲ့ KN23 လို့ခေါ်တဲ့ တာတိုဒုံး ကျည်တွေဖြစ်တယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ပြောပါတယ်။
ကင်ဂျုံအန်က ဒုံးကျည်နဲ့အမြောက်ကျည် ထုတ်လုပ်မှုတိုးမြှင့်ဖို့ အမိန့်ပေးခြင်းမှာ ရုရှားသို့ ခဲယမ်း လက်နက်များ ထောက်ပံ့လိုခြင်းကြောင့်ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Kim Jong Un orders production of missiles and shells to be expanded