ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

အင်အားမှတစ်ဆင့် ငြိမ်းချမ်းရေးဖြစ်လာဖို့ လိုအပ်တယ်လို့ဆိုကာ စစ်သင်္ဘောသစ်တွေ တည် ဆောက်မယ့် အစီအစဉ်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

ထရမ့်အတန်းအစား စစ်သင်္ဘောသစ်တွေ တည်ဆောက်မှုစတင်ဖို့ ရေတပ်အတွက် ခွင့်ပြုချက်ပေး ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ဖလော်ရီဒါပြည်နယ်၌ သတင်းထောက်တွေကို ပြောပါတယ်။

စစ်သင်္ဘောတွေ ဒီဇိုင်းထုတ်ရာမှာ ပါဝင်မှာဖြစ်ပြီး စစ်သင်္ဘောတွေကို စွမ်းအားမြင့်လေဆာတွေ၊ နျူကလီးယားထိပ်ဖူးပါ ခရုဇ်ဒုံးကျည်တွေ တပ်ဆင်မယ်လို့ ၎င်းက ဆိုပါတယ်။

နျူကလီးယားစစ်သင်္ဘောတွေ ရှိလာမယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။ စစ်သင်္ဘော တွေကို အမေရိကန်နိုင်ငံမှာ တည်ဆောက်ပြီး အချိန် ၂ နှစ်ခွဲ ကြာမြင့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။

“ရွှေရေယာဉ်အုပ်” ဖန်တီးနိုင်ဖို့ စစ်သင်္ဘော ၂၅ စင်းအထိ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

သင်္ဘောတည်ဆောက်ရေးလုပ်ငန်းဟာ အိုမင်းနေပြီဖြစ်တဲ့ အခြေခံအဆောက်အအုံနဲ့ အခြားအ ချက်တွေကြောင့် ရုန်းကန်နေရတယ်လို့ အမေရိကန် မီဒီယာတစ်ခုက ဖော်ပြပါတယ်။

စစ်သင်္ဘောသစ်တွေ တည်ဆောက်မှုဟာ တရုတ်နိုင်ငံကို သတိပေးမှုလားဆိုတဲ့ သတင်းထောက် တစ်ဉီးရဲ့ မေးမြန်းချက်ကို ဒေါ်နယ်ထရမ့်က ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump unveils plan to build new battleships with nuclear arms under development