ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ သမ္မတရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်ဖူးလို့ ယူက ရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ယမန်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မှတ်ချက်စကားကို ဇီလန်စကီးက စနေနေ့မှာကျင်း ပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုလိုက်တာပါ။

ယူကရိန်းမှာ ရွေးကောက်ပွဲ လုံခြုံရေး သေချာစေမယ့်နည်းလမ်းတွေ စဉ်းစားဖို့ ရုရှားနိုင်ငံက အ ဆင်သင့်ရှိတယ်လို့ ပူတင်က ပြောကြားခဲ့တာပါ။

ရုရှားနိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ယူကရိန်းလူမျိုး ၅ သန်းမှ ၁၀ သန်းအထိ နေထိုင်နေတယ်လို့ ၎င်း က ဆက်ပြောပါတယ်။

ပူတင်ဟာ ရုရှားနိုင်ငံအပြင် ရုရှားထိန်းချုပ်မှုအောက်ရှိ ယူကရိန်းအရှေ့ပိုင်းနဲ့တောင်ပိုင်း၊ ယူက ရိန်းတောင်ပိုင်းရှိ ခရိုင်းမီးယားမှာ ရွေးကောက်ပွဲကျင်းပဖို့ စိတ်ကူးနေတာပါ။

ယူကရိန်းနိုင်ငံမှာ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ ပူတင်က ဆုံး ဖြတ်ပိုင်ခွင့်မရှိဘူးလို့ ဇီလန်စကီးက သတင်းထောက်တွေကို ပြောပါတယ်။

ရွေးကောက်ပွဲဟာ ယူကရိန်းပြည်သူတွေအတွက်သာဖြစ်ပြီး ရုရှားက ရွေးကောက်ပွဲမှာ စွက်ဖက်မှု တွေ ပြုလုပ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ဇီလန်စကီးရဲ့ သမ္မတသက်တမ်းဟာ ကုန်ဆုံးပြီဖြစ်လို့ တရားမဝင်တော့ဟုဆိုကာ သမ္မတရွေး ကောက်ပွဲကျင်းပဖို့ ပူတင်က ယူကရိန်းကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Elections impossible in Russian-occupied Ukrainian territories