ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်ကူပို့နိုင်ရေးအတွက် စစ်ကော်မရှင်က မန္တလေးတပ်ရင်းများမှနေ၍ အင်အားစုရုံးကာ မတ္တရာနယ်ထဲကို စစ်ယာဉ်တန်းများ ပို့ဆောင်နေကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မန္တလေးခြေလျင် တပ်ရင်း ခလရ -၉၅ မှနေ၍ မတ္တရာမြို့နယ်အတွင်းကို ရိက္ခာနှင့် ပစ္စည်းပို့ယာဉ်တန်းများ ထွက်ခွာလာပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“အင်အားကိုရာချီသုံးပြီး စစ်ကြောင်းထိုးလာတယ်။ ရှမ်းရှေ့ကတပ်တွေရော နေပြည်တော်က ထုတ်နုတ် တပ်တွေပါ မတ္တရာထဲကိုပို့ပြီး အင်အားဖြည့်နေတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များဖြစ်သည့် ခလရ ၈၅၊ ခမရ ၃၀၂၊ စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်း စအရ-၉၂၀ မှ ထုတ်နုတ်အင်အားများကို စုစည်းကာ မတ္တရာမြို့နယ်မှတစ်ဆင့် စဉ့်ကူးမြို့နယ်ကို စစ်ကူများပို့ ဆောင်နေကြောင်း သိရသည်။
ထို့ပြင် သပိတ်ကျင်းနှင့် မတ္တရာဘက်မှနေ၍ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်စစ်ကြောင်းများက တော် လှန်ရေးတပ်ဖွဲ့များကို နှစ်ဖက်ပိတ်ဆို့လာကာ ချောင်းကြီးတွင်ရှိသည့် စစ်ကော်မရှင် ပင်မ စစ်ကြောင်းသည် နွယ်ရုံနှင့် ရှောက်ပင်ရိုးကြားရှိ ပြိုရွာဝန်းကျင်တွင် အင်အားဖြန့်ခွဲနေကြောင်း သိရသည်။
မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာမှ စဉ့်ကူးမြို့ နယ်အတွင်း ဝင်လာသည့် စစ်ကြောင်းများသည် ရွှေပြည်၊ ညောင်ဝန်းကျေးရွာများကို သိမ်းပိုက်ပြီး ခြေကုပ်မယူဘဲ လက်ပံလှလမ်းဆုံကို ဦးတည်စစ် ကြောင်းထိုးလာကြောင်း သတင်းရင်းမြစ်က ဆိုသည်။
စစ်ကော်မရှင် စစ်ကြောင်းများ လက်ပံလှကျေးရွာကို ဦးတည်လာချိန်တွင် ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်အနေဖြင့် စစ်ကြောင်းဆက်လက်ထိုးလာသော်လည်း ညောင်ဝန်းနှင့် ရေချမ်းရွာများ အတွင်း နောက်ချန်တပ်များထားရှိခဲ့ကြောင့် သိရသည်။
ထို့ကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်ချေရှိသည့် စားကျက်ကြီး၊ ထုံးကြီး၊ ရေတော်၊ ကြာဥယျာဉ်စသည့် မြစ်အရှေ့ဘက်ကမ်းတစ်လျှောက်ရွာများအနေဖြင့် အထူးဂရုစိုက်နေကြရန် ဒေသခံများနှင့် တော်လှန် ရေးတပ်ဖွဲ့များက အသိပေးပြောဆိုထားကြောင်း သိရသည်။