ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဉီးဆေးရုံအပေါ် လူအသေအပျောက်ရှိတဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ် ပွားပြီးနောက် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေ၊ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ အဆုံးသတ်ဖို့ အာဆီယံအဖွဲ့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို တောင်းဆိုလိုက်ပါတယ်။

အရပ်သား ၃၁ ဉီး သေဆုံးခဲ့ပြီး ၇၆ ဉီး ဒဏ်ရာရရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မြောက်ဉီးဆေးရုံ ဗုံးကြဲမှု ကို အာဆီယံအဖွဲ့က အလွန်အမင်း စိုးရိမ်ပြီး ရှုတ်ချကြောင်း အာဆီယံဥက္ကဌရဲ့ စနေနေ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

၁၉၄၉ ခုနှစ် ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုး ဖောက်တဲ့ အရပ်ဘက်နဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်မှုအား လက်သင့်မခံသလို အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ မကိုက်ညီဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်မယ့် လက်တွေ့လုပ်ရပ်တွေ လုပ်ဆောင်ဖို့၊ အရပ်သားနဲ့ အ ရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ရပ်တန့်ဖို့၊ စိတ်ရှည်သည်းခံမှု ကျင့် သုံးဖို့နဲ့ အရပ်သားနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေ ဘေးကင်းအောင်လုပ်ဆောင်ဖို့ တိုက်တွန်းပါ တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေ အတည်ပြုထားတဲ့အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အပစ်အခတ်ရပ်စဲ ရေးကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ အာဆီယံအဖွဲ့က ထပ်လောင်းတောင်းဆိုပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အ ဓိက ကိုင်စွဲထားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်သော၊ တာရှည်ခံသော ငြိမ်းချမ်းရေးအဖြေရှာရာမှာ မြန် မာပြည်သူတွေကို ကူညီနိုင်ရေး အာဆီယံ တူညီဆန္ဒကို အပြည့်အဝ ဖော်ဆောင်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်း ရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုရရေး အထောက်အကူပြုဖို့ ထုတ်ပြန်ချက်က တောင်းဆိုပါတယ်။

ကိုးကား – Bernama
Ref; https://asean.bernama.com/