ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဏာသိမ်းစစ်အုပ်စု နှင့် တရားမဝင်ပူးပေါင်းမှုကို ချက်ချင်း ရပ်တန့်သင့်ပြီး မြန်မာနိုင်ငံသားများအတွက် ခိုလှုံခွင့်လုပ်ငန်းတစ်ခုထူထောင်သင့်ကြောင်း Fortify Rights အဖွဲ့၏ ယမန်နေ့ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များသည် ၂၀၂၄ ခုနှစ်မှ စတင်ကာ ယခုနှစ်အထိ မြန်မာနိုင်ငံသား ၃၅၀၀ ခန့်ကို ရနောင်း – ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအာဏာသိမ်းစစ်အုပ်စုထံ လွှဲပြောင်းပေးလိုက်ကြောင်း Fortify Rights က ဖော်ပြထားသည်။
အဆိုပါ ထိုင်းအာဏာပိုင်များ၏ လုပ်ရပ်သည် ထိုင်းဥပဒေ၊ နိုင်ငံတကာဥပဒေတို့အရ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်း ဓမ္မပြန်လည်လွှဲပြောင်းပေးပို့မှုနှင့် လူကုန်ကူးမှုအဖြစ်သတ်မှတ်နိုင်ကြောင်းပါဝင်သည်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ တရားမဝင်ပူးပေါင်း လုပ်ဆောင်နေမှုကို ချက်ချင်း ရပ်တန့်သင့်ပါတယ်။ တာဝန်ခံမှုတာဝန်ယူမှုရှိစေရန် အာမခံပေးခြင်းနှင့် ထိရောက်သောယန္တရားတစ်ရပ် ကို ဖော်ဆောင်ကာ မြန်မာနိုင်ငံသားများကိုအတင်းအဓမ္မပြန်ပို့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူကုန်ကူး ခြင်းတို့မှ ကာကွယ် ပေးသင့်ပါတယ်”ဟု Fortify Rights အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောကြားထားသည်။
ထို့ပြင် မြန်မာနိုင်ငံသားများရောက်ရှိ နေထိုင်မှုကို တရားဝင်စာရင်းသွင်းခွင့်ပြုပြီး အခြေခံအခွင့်အရေး နှင့် အကာအကွယ်များရရှိနိုင်မည့်ထိရောက်သောခိုလှုံခွင့်လုပ်ငန်း၊ တာဝန်ယူတာဝန်ခံမှုရှိသည့် ယန္တရားကို မဖြစ်မနေ ဖော်ဆောင်သင့်ကြောင်း Fortify Rights အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာဥပဒေနှင့် ပြည်တွင်းဥပဒေနှစ်ရပ်စလုံးအရေ အတင်းအကျပ်ပြန်ပို့ခြင်း (forced returns ) (သို့မဟုတ်) လူတစ်ဦးအတွက်အသက်အန္တရာယ်ရှိတဲ့နိုင်ငံ (သို့မဟုတ်) ဒေသကို အတင်းဓမ္မပြန်လည်ပို့ဆောင်ခြင်း (refoulement) ကိုတားဆီးရန်ဥပဒေဆိုင်ရာ တာဝန်ရှိကြောင်း သိရသည်။
ထို့ပြင်ကုသမသဂ္ဂလူ့ခွင့်အရေးဆိုင်ရာ မဟာမင်းကြီးများရုံးအဆိုအရ အတင်းအဓမ္မပြန်လည် ပို့ဆောင် ခြင်း မပြုရမည့်သူများတွင် ဒုက္ခသည်များသာမက ရွှေ့ပြောင်းနေထိုင်သူ အားလုံးအပေါ် သက်ရောက်မှု ရှိကြောင်းဖော်ပြထားသည်။
ဓာတ်ပုံ – Fortify Rights၊ Bangkok Post