ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ရခိုင်ပြည်နယ်ရှိ မြောက်ဦးဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အလွန်စိုးရိမ်ပြီး ယင်းတိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုတ်ချကြောင်း ကုမသမဂ္ဂက ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါဗုံးကြဲမှုသည် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်စေခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံရှိ အရပ်သားများရင်ဆိုင်နေသည့်အခြေအနေမှာ ပြင်းထန်ပြီးဆိုးရွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ ဆေးရုံတွေနဲ့အရပ်သားတွေ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို လေးစေးတန်ဖိုးထားရမှာဖြစ်ပြီး ကာကွယ်ပေးရမယ်ဖြစ်လို့ ဒီတိုက်ခိုက်မှုကိုအပြင်းအထန်ရှုတ်ချတယ်လို့” ကုလသမဂ္ဂက ထုတ်ပြန်သည်။
မြောက်ဦးဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံဝန်ထမ်း၊ လူနာ၊ လူနာစောင့်နှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အရပ်သား ၃၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၆ ဦးရှိကြောင်းသိရသည်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ရှိ တာဝန်ဝတ္တရားများကို လေးစားလိုက်နာရန် အဖွဲ့အစည်းအားလုံးကို ဆက်လက်တောင်းဆိုကြောင်း UN ထုတ်ပြန်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားရေး အကူအညီလိုအပ်ချက်များသည် လျင်မြန်စွာ မြင့်တက်လျက်ရှိပြီး လာမည့် ၂၀၂၆ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်နှင့် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်တွင် အမေရိကန်ဒေါ်လာ ၈၉၀ သန်းလိုအပ်ကြောင်း သိရသည်။
ယင်းပြင်အကူအညီလိုအပ်သူ ကလေး ငါးသန်းအပါအဝင် လူဦးရေ ၁၆ ဒဿမ ၂ သန်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေ ၃ ဒဿမ ၆ သန်းခန့် ရွှေ့ပြောင်းခိုလှုံနေရကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင်ပါဝင်သည်။