ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
မြန်မာနိုင်ငံရှိ အရပ်သားပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုးရွားသော လူသား ချင်းစာနာမှု အကျပ်အတည်းတစ်ရပ် ကြုံတွေ့နေရတယ်လို့ ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်တဲ့ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်ဒရီယာကရာဗက်ခ်က ပြော ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း ၅ နှစ် နီးပါးအကြာမှာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှု တွေဟာ လူ့အသိုင်းအဝိုင်းတွေအပေါ် ဆက်လက်ပြီး သက်ရောက်စေကာ သန်းနဲ့ချီတဲ့ပြည်သူတွေ အိုး အိမ်စွန့်ခွာခဲ့ရပါတယ်။
မြန်မာစစ်ကော်မရှင်ဟာ တိုင်းပြည်တွင်း တိုက်ပွဲတွေဖြစ်နေချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် နေတယ်လို့ ၎င်းက ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်အမှတ် ၂၆၆၉ အရ အခြေခံလူ့အခွင့်အရေးတွေကို လေးစားသမှုထားဖို့၊ အရပ်သားတွေကို ကာ ကွယ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နော်ဝေနိုင်ငံက မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။
အမျိုးသမီးတွေ၊ တိုင်းရင်းသားအုပ်စုတွေနဲ့ လူနည်းစုတွေရဲ့အသံကို ကြားနိုင်မယ့် နိုင်ငံရေးနေရာ တစ်ခု ဖန်တီးပေးဖို့ အဆိုပါတောင်းဆိုချက်ဟာ အရေးပါတဲ့ခြေလှမ်းတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကျင်းပခြင်းဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှု အားလုံးကို ဖြေရှင်းနိုင်မှာမဟုတ်ဖူးလို့ အန်ဒရီယာကရာဗက်ခ်က ထောက်ပြပါတယ်။
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေး အဓိပ္ပာယ်ရှိသော ခြေလှမ်းတွေ မလုပ်ဆောင်ပါ က မြန်မာပဋိပက္ခ အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ၎င်းက သတိပေးပါတယ်။
အရပ်သားနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုအားလုံးကို နော်ဝေနိုင်ငံ က ရှုတ်ချတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အားလုံးပါဝင်သော အနာဂတ် မျှော်မှန်းချက်တွေ ပြည့်မီနိုင်ရေး စစ်မှန်သော ပြန်လည်သင့်မြတ်ရေး ခြေလှမ်းတွေ လုပ်ဆောင်ကြဖို့ စစ်ကော်မရှင်နဲ့ အခြား အဖွဲ့အစည်းတွေကို ၎င်းက တောင်းဆိုပါတယ်။
မြန်မာပြည်သူတွေနဲ့ လူ့အခွင့်အရေးကို လေးစားသမှုရှိဖို့နဲ့ ငြိမ်းချမ်းသော နိုင်ငံရေးအဖြေရှာဖို့ လုပ်ဆောင်နေသူတွေကို နော်ဝေနိုင်ငံက ဆက်လက်ပြီး ပံ့ပိုးကူညီမယ်လို့ သူက ကတိပြုပါတယ်။
ကိုးကား – https://www.regjeringen.no/en
Ref; Statement by State Secretary Andreas Kravik on the situation in Myanmar