ဓာတ်ပုံ - ကမ္ဘောဒီးယာနိုင်ငံခြားရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်

ကာလရှည်ဖြစ်ပွားနေတဲ့ အကျပ်အတည်းကိုဖြေရှင်းမယ့် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရှာဖွေဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ပရတ်ခ်ဆိုခွန်ဟာ ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ မြန် မာနိုင်ငံကိုလာရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ပါတယ်။

ပရတ်ခ်ဆိုခွန်ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ် ဖန်သာဗွန်၊ အာဆီယံ အ တွင်းရေးမှူးချုပ်ရုံးက ဝန်ထမ်းတွေနဲ့ ကမ္ဘောဒီးယားအစိုးရ အကြီးတန်းအရာရှိတွေ လိုက်ပါလာမယ်လို့ နိုင်ငံခြား ရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်မှာထုတ်ပြန်တဲ့ ကြေညာချက် တစ်ရပ်အရ သိရပါတယ်။

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်ကို ရွှေ့ပြောင်း ခဲ့တဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ အာဆီယံနဲ့ ကမ္ဘောဒီးယားအစိုးရကိုယ်စား အလေး အနက် စိုးရိမ်မိတယ်လို့ ဆိုခွန်က ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ ဒီလိုကြေညာခဲ့တာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံကိုသွားရောက်မယ့် ဒုတိယမြောက်ခရီးစဉ်က အာဆီယံဘုံသဘော တူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက်မှုနဲ့ ဖနောင်ပင်မြို့တော်မှာ မေလ ၆ ရက်ပြုလုပ်ခဲ့ တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံအစည်းအဝေးရဲ့ ရလဒ်တွေကို ဆက် လက်ဆောင်ရွက်ဖို့ ရည်ရွယ်တယ် လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ခရီးစဉ်အတွင်း ပရတ်ခ်ဆိုခွန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြု မပြု သံသယရှိနေပါတယ်။ ပ ထမအကြိမ် မြန်မာခရီးစဉ်အတွင်း ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခွင့်ပေးနိုင်တယ်လို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အရိပ်အမြွက်ပြောကြားခဲ့တယ်လို့ ဆိုခွန်က ပြောပါတယ်။

ဆိုခွန်ရဲ့ခရီးစဉ်က မြန်မာနိုင်ငံ ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ တည်ငြိမ်ရေးအတွက် အာဆီယံ ဥက္ကဌနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကတိကဝတ်တစ်ခုကို ပြသတာဖြစ်တယ်လို့ တော်ဝင်ကမ္ဘောဒီးယားတက္ကသိုလ်မျ နိုင် ငံရေးသိပ္ပံပါမောက္ခ ယန်ပီအူက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ စစ်ပွဲတွေဖြစ်ပွားခဲ့ပြီး ၁၉၉၈ ခုနှစ်နှောင်းပိုင်းမှာ ငြိမ်း ချမ်းရေးရရှိခဲ့ပါတယ်။ စစ်ပွဲတွေဖြစ်ရင် တိုင်းပြည်တိုးတက်ဖို့ မဖြစ်နိုင်ပါဘူး လို့ သူက ပြောပါတယ်။

ကိုးကား – The Phnom Penh Post
Ref; Top diplomat embarks on second trip to Myanmar