စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ကော်ဘရာတပ်ဖွဲ့ဝင် ၂ ဦး ခဲစထိမှန်ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၆ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာရှိတဲ့ ကော်ဘရာတပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့ဘက်ကို စစ်ကောင်စီတပ်ဘက်က စက်တင်ဘာလ ၆ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ တပ်ဖွဲ့ဝင် ၂ ဦး ခဲစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်လာပါတယ်။

သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုးဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဘက်က တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) နဲ့ အမြောက်တပ်ဖွဲ့က စက်တင်ဘာလ ၅ ရက်နေ့ညပိုင်းက မှာ ၁ ကြိမ်နဲ့ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၁၁ နာရီခွဲကနေ ၁၂ ခွဲထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ပစ်တဲ့ လက်နက်ကြီးတွေက သဲဖြူချောင်းလမ်းဆုံနဲ့ ပတ်ဝန်းကျင်ကို ကျရောက်ခဲ့ပြီး ကော်ဘရာစစ်သည်တော် ၂ ဦး ခဲစထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ညပိုင်းကနေ ၆ ရက်နေ့ နေ့လည်ပိုင်းထိ စစ်ကောင်စီတပ်ဘက်က ၁၂၀ မမ လက်နက်ကြီး ၁၂ လုံးထိ ပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

#စစ်ကောင်စီ #ကရင် #ကော်ဘရာစစ်ကြောင်း #တပ်ဖွဲ့ဝင် #ခဲစထိမှန်ဒဏ်ရာရ

#Ayeyarwaddy_Times