ပေါင်းတည်မြို့ ဝဲကြီးဆည်တွင် စခန်းချထားသော စစ်ကောင်စီဂိတ်အား PPDF မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

ဗစ်တာ/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၆ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ပေါင်းတည်မြို၊ ဝဲကြီးဆဲရှင်းလင်း‌ရေးအဆောင်တွင် စခန်းချထားသော စစ်ကောင်စီစခန်းအား ပေါင်းတည်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်း (၃၆၀၁) တပ်ခွဲ ၂ မှ တပ်းရင်းမှူးဦး‌ေဆာင်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက် နေ့လည် ၁၁နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်သားအင်အား ၂၀ ခန့် ဆည်စစ်‌ဆေးရေး ဂိတ်တွင် လူအပြောင်းအလဲ လုပ်နေစဉ် PPDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း PPDF ထံမှ သိရသည်။

” ဆည်ဆိပ်မှာ ကယ်ရီသမားတွေ၊ ပြည်သူတွေမရှိတဲ့အချိန် တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရှိထားတယ်လို့ ကနဦး သိရှိရသည် ” ဟု PPDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

PPDF မှာ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ပေါင်းတည်မြို့ ဇီးပင်လှကျေးရွာမှ အုပ်ချုပ်ရေးမှူး သောင်းစိန် (ခေါ် ) စိန်ခေါ်သံအား သုတ်သင်ရှင်းလင်းခဲ့သေးကြောင်း PPDF၏ စာရင်းများအရ သိရသည်။

ရုပ်သံ – PPDF

#Ayeyarwaddy_Times