တမူးမှာ စစ်ကောင်စီခန့်အုပ်ကြီး မောင်သန်းက NLD လက်ထက်က အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ဖောက်ထွင်ပြီး ပစ္စည်းအားလုံး သယ်ယူသွား

ကိုကိုလေး/ဧရာဝတီတိုင်းမ်
(တမူးမြို့) စက်တင်ဘာလ ၆ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတ်တုတ်ရွာသစ်က ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ၏ နေအိမ်ကတွေက
ပစ္စည်းတွေနဲ့ NLD လက်ထက်က အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကပစ္စည်းအားလုံးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးဆောင်ကာ
သြဂုတ်လ အတွင်းပိုင်းက ဖောက်ထွင်းခိုးယူသွားတယ် လို့ ဒေသခံတွေထံက သိရသည်။

အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေး မောင်သန်းနဲ့ ပျူစောထီး
အဖွဲ့ဝင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို မကြာခဏ ဖောက်ထွင်းခိုးယူလေ့ရှိတယ် လို့ ဒေသခံတဦးကပြော သည်။

“ရွာမှာပြေးနေရတော့ အများကြီးပဲ စစ်တပ်ရယ်ပျူစောထီးတွေနဲ့အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး ကြိုက်သလို မွှေနှောက်ယူနေကြတာနေ့တိုင်းပါပဲ။ သူတို့ခိုးယူတဲ့အကြောင်းတွေ သတင်းတက်လာပြီဆို ပိုပြီးခိုးယူကြတယ် အရှက်မရှိကြဘူး။ ခုဆိုအိမ်တွေမှာ ဘာမှမရှိတော့ဘူး လူတွေမရှိတော့ လုပ်ချင်တိုင်းလုပ်နေကြတာ မကျေနပ်တဲ့သူဆို အကုန်ဖမ်းတယ်။ အခုဆို သူတို့နဲ့ပတ်သက်တဲ့သူတွေပဲရှိတော့တယ်လို့ ” ဝိတ်တုတ်ရွာသစ်ကျေးရွာက ဒေသခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်သန်း ဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ဦးမင်းမင်းစိုး၊ ဦးစိန်ကျော်၊ ဦးဝင်းမြင့်၊ ဦးဝင်းနောင် တို့ကိုလည်း စစ်ကောင်စီက လက်နက်တွေ တပ်ဆင်ပေးထားတယ် လို့ ဒေသခံများကဆိုသည်။

ဝိတ်တုတ်ရွာသစ်​ ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးမောင်သန်းဟာ NLD ထောက်ခံသူများကို ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်း ရှောင်နေကြရကာ ဝိတ်တုတ်ရွာသစ်ကျေးရွာတွင် ပျူစောထီးတပ်ဖွဲ့ဝင်အများစုသာ ကျန်ရှိတော့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် မတ်လပိုင်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်သန်း နေအိမ်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က
သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၎င်း၏ သမီးနဲ့ မြေးဖြစ်သူ
သေဆုံးပြီး ဇနီးဖြစ်သူမှာ ကျည် ၉ ချက်ထိမှန်ခဲ့တယ် လို့ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရသည်။

ဓာတ်ပုံ-စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်သန်း၏ပုံ
#Ayeyarwaddy_Times