အမေရိကန်က ထိန်းချုပ်ထားတဲ့ ဒေါ်လာတစ်ဘီလီယံ အသုံးပြုခွင့်ရရှိရေး NUG ကြိုးပမ်းနေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၆ ရက်

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ ဗဟိုဘဏ်သစ်တစ်ခု တည်ထောင်မယ့် စီမံချက်တစ်ခုအတွက် အမေရိကန် နိုင်ငံက ထိန်းချုပ်ထားတဲ့ ဒေါ်လာတစ်ဘီလီယံ အသုံးပြုခွင့်ရရှိရေး ကြိုးပမ်းမှုကို ထောက်ခံပေးဖို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က အမေရိကန်ဗဟိုဘဏ် (Federal Reserve) ကို တောင်းဆိုနေပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့ နိုင်ငံရေးအကျပ်အတည်းဖြစ် နေစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာမိတ်တွေဦးဆောင်တဲ့ NUG ကိုကူညီဖို့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ ဗဟိုဘဏ်သစ်တစ်ခု တည်ထောင်မယ့်စီမံချက်က ရေရှည်အစီအမံတစ်ခု ဖြစ်ပါတယ်။

“အမေရိကန်နိုင်ငံက ထိန်းသိမ်းထားတဲ့ ငွေကြေးကို ကျွန်တော်တို့ကို အသုံးပြုခွင့်ပေးဖို့ လိုအပ်ပါတယ်” လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဘလွန်းဘဂ့်သတင်းဌာနဲ့ အင်တာဗျူး တစ်ခုအတွင်း ပြောပါတယ်။

စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက တည်းက နယူးယောက်ဗဟိုဘဏ်က မြန်မာနိုင်ငံပိုင် ဒေါ်လာတစ်ဘီလီယံကို ထိန်းချုပ်ခဲ့ပါတယ်။

NUG က အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးမှုကိုရရှိမယ်ဆိုရင် စစ်အာဏာရှင်တော်လှန်ရေးကို အထောက်အကူဖြစ် စေမယ့် ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်လုပ်နိုင်မယ့် ဗဟိုဘဏ်သစ်တစ်ခုကို ထူထောင်နိုင်မယ်လို့ ဦးတင်ထွန်းနိုင် က ပြောပါတယ်။

“ထိန်းချုပ်ထားတဲ့ငွေကြေးကို အမေရိကန်က ထုတ်မပေးပေမယ့် အသုံးပြုလို့ရအောင် ကျွန်တော်တို့ ရည်ရွယ်ပါတယ်။ NUG ဗဟိုဘဏ်သစ် ထူထောင်ချိန်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံခြားအရံငွေကို အသုံးပြုမယ်လို့ ဆိုလိုတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG က မြန်မာနိုင်ငံပြင် ပမှာ ရန်ပုံငွေရရှိမယ့် စွမ်းရည်တစ်ရပ်ကို ပြသခဲ့ပါတယ်။ NUG က နွေဦးတော်လှန်ရေးဘွန်းနဲ့ မင်းအောင်လှိုင် လုယူထားတဲ့နေအိမ်တွေ ရောင်းချမှုမှ ဒေါ်လာ ၅၃ သန်းခန့် ရန်ပုံငွေရရှိထားပါတယ်။

ဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နယူးယောက်ဗဟိုဘဏ်ကို မေး မြန်းဖို့ ပြောကြားခဲ့ပြီး နယူးယောက်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဘီလီယံနဲ့ချီတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရံငွေတွေဟာ စင်ကာပူ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံမှာရှိနေမယ်လို့ ဦး တင်ထွန်းနိုင်က ပြောပါတယ်။

ကိုးကား – Bangkok Post

Ref; Myanmar exiles seek virtual currency backed by $1 billion at US Fed