ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ဥရောပသမဂ္ဂပါလီမန်က စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘဲ အမျိုးသားညီညွတ်ရေး အစိုးရနှင့် CRPH က ပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များ ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထပ်မံတည်ပြုထုတ်ပြန်လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့သာလျှင် မြန်မာပြည်သူထု၏ ဒီမိုကရေစီဆန္ဒကို ကိုယ်စားပြုသည့်တရားဝင် အဖွဲ့အစည်းအဖြစ် ထောက်ခံအသိ အမှတ်ပြုကြောင်းလာည်းပါဝင်သည်။

ထို့ပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်နိုင်ငံများက စစ်အုပ်စုထံ လက်နက်ခဲယမ်းများ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပို့ဆောင်ပေးခြင်းတို့ကိုတားမြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ လက်နက်ပိတ်ဆို့ရေး ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ်နိုင်ရန် တောင်းဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စုက တစ်ဖက်သတ်စီစဉ်နေသောရွေးကောက်ပွဲအားလုံးကို တရားမဝင်ကြောင်း ပယ်ချပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရယူရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲရဒ်များကို ရှုတ်ချကြောင်း ဥပရောပပါလီမန်ဆုံးဖြတ်ချက်တွင် ပါဝင်သည်။
ထို့ပြင်အာဏာသိမ်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသည့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် လက်နက်ထောက်ပံ့သူများအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ဆက်လက်ထားရှိပြီး တိုးမြှင့်လုပ်ဆောင်ရန်ထောက်ခံထားသည်။
စစ်ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလေးစားလိုက်နာပြီး အရပ်သားအစိုးရကို ချက်ချင်းပြန်လည်အာဏာအပ်နှင်းရန် ဥရောပသမဂ္ဂပါလီမန်က တောင်းဆိုထားသည်။
ဓာတ်ပုံ – ဥရောပပါလီမန်