ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
မြန်မာမြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ် ကိုးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်တန်ဖိုးတင်ပို့နိုင်ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့်ရပ်တည်နေဆဲဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စီကျု ( ISP) ၏ အစီရင်ခံစာတွင်ပါဝင်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂၄ သန်းထိတင်ပို့နိုင်ပြီး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျော့နည်းသွားကြောင်းသိရသည်။

မြန်မာ့မြေရှားရယူနိုင်ရေးအတွက် အိန္ဒိယနှင့် အခြားနိုင်ငံများကလည်းကြိုးပမ်းနေကြောင်းသိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုလျော့ကျခဲ့သော်လည်း တည်ငြိမ်စိတ်ချရသည့် မြေရှားထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံကရှာဖွေနေပြီး မြန်မာနိုင်ငံမှာ မြေရှားတူးဖော်မှုပိုများလာကြောင်းပါဝင်သည်။
လက်ရှိကချင်ပြည်နယ်တွင်တူးဖော်နေပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာပါ တူးဖော်မှုများတိုးချဲ့လာပြီးကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နှင့် တရုတ်ကုမ္ပဏီများပါဝင်ကြောင်း သိရသည်။

အဆိုပါရှမ်းအရှေ့ UWSA ထိန်းချုပ်ဒေသ မိုင်းယွန်း၊ မိုင်းပေါက်နှင့် NDAA ထိန်းချုပ်ဒေသ မိုင်းယောင်းမြို့နယ်တို့မှာ ယခုနှစ်ဆန်းပိုင်းမှာ မြေရှားလုပ်ကွက် ၂၀ ခန့်တိုးနေကြောင်းအစီရင်ခံစာတွင်ပါဝင်သည်။
မြေရှားသတ္တုတူးဖော်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီမှု၊ မြစ်ရေညစ်ညမ်းမှု၊ တောရိုင်းတိရစ္ဆာန်များထိုက်မှုများအပါအဝင် ပြည်သူလူထုကျန်းမာရေးထိခိုက်စေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ( SHRF) က ယခုနှစ် မေတွင် ထုတ်ပြန်ထားသည်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) စာရင်းများအရ ကမ္ဘာ့မြေရှားတူးဖော်တွင် မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ်ဆက်ရှိနေသည်။
ဓာတ်ပုံ – မြေရှားသတ္တုတွင်းဝန်ထမ်းတစ်ဦး