ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

တိုင်းပြည် တည်ငြိမ်မှုရှိလာပြီဟုဆိုကာ မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့် ရုတ် သိမ်းတဲ့ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် နေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ အောင်မြင်ခဲ့တယ်လို့ အမေရိကန် အမိမြေလုံခြုံရေး ဝန်ကြီး ခရစ္စတီနိုယမ်က တနင်္လာနေ့မှာ ကြေညာချက်အတွင်း ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင်း အခြေအနေဟာ မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ဖို့ ဘေးကင်းတဲ့အထိ တိုး တက်လာခဲ့ပါပြီ” လို့ ၎င်းက ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

“အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုယမ်က သူ့မိသားစုခွေးကို ဆက်ဆံသလိုမျိုး လူတွေကို ဆက် ဆံနေပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ယာယီနေထိုင်ခွင့်ကို ရုတ်သိမ်းရင် အကျဉ်းထောင်တွေကို ပို့ ဆောင်ခံရတာ၊ နှိပ်စက်ခံရတာနဲ့ သေဒဏ်ပေးခံရတာတွေ ဖြစ်လာနိုင်ပါတယ်” လို့ အာရှ လူ့အခွင့်အရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင်က ပြောပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံသားတွေ ယာယီနေထိုင်ခွင့် ရုတ်သိမ်းတဲ့ဆုံးဖြတ် ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အဓမ္မ စစ်မှုထမ်းစနစ် ကျင့်သုံးကာ အရပ်သားတွေကို နေ့စဉ် တိုက်ခိုက်နေပြီး ရွေးကောက်ပွဲကို မည်သူမှ လက်ခံမှာမဟုတ်ဖူးလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဉီးနေဘုန်းလတ်က ပြောပါ တယ်။

“အမေရိကန်အစိုးရရဲ့ ယာယီနေထိုင်ခွင့် (TPS) ဖျက်သိမ်းတဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပ ကတိအရှိတရားကို မထင်ဟပ်စေပါဘူး” လို့ ၎င်းက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ခရီးသွားအကြံပြုချက်မှာ မြန်မာ နိုင်ငံသို့ လုံးဝ မသွားရောက်ဖို့ လမ်းညွှန်ထားပါတယ်။

“လက်နက်ကိုင်ပဋိပက္ခ၊ မငြိမ်မသက်မှု၊ အကြောင်းမဲ့ ဥပဒေပြဌာန်းမှု၊ ညံ့ဖျင်းသော ကျန်းမာရေး အခြေခံအဆောက်အအုံ၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့လက်နက်အန္တရာယ်နဲ့ မှားယွင်းဖမ်းဆီးမှုတွေ ကြောင့် မြန်မာနိုင်ငံသို့ ခရီးမသွားပါနဲ့” လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – ABC News
Ref; Rights groups slam Trump administration for ending Myanmar deportation protection