
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကို အုပ်ချုပ်ခွင့်မပေးသင့်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၆ ရက်
မြန်မာစစ်တပ်က အာဏာသိမ်းမှုအတွင်း ဒီမိုကရေစီအစိုးရကိုဖြုတ်ချတာ တစ်နှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကတော့ ဆက်လက်ရှိနေပါတယ်။
တရုတ်နဲ့ရုရှားက စစ်တပ်ကို ထောက်ခံတာကြောင့် လက်ရှိအခြေအနေကို မဖြေရှင်းနိုင်ဖြစ်နေပါတယ်။ မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့က လက်ရှိအချိန်ထိ အရပ်သား ၂၀၀၀ ကျော်ကို သတ်ဖြတ်ကာ ပြည်သူ ၁၅၀၀၀ ခန့်ကို ထိန်းသိမ်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်လကုန်မှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတစ်ဦး အပါအဝင် လူလေး ဦးကို ကြိုးပေးကွက်မျက်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်က အတိုက်အခံတပ်ဖွဲ့တွေကို အကြမ်းဖက် သမားတွေအဖြစ် သတ်မှတ်ပြီး ချေမှုန်းမယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
တရားဝင်အစိုးရတစ်ရပ် ထူထောင်ဖို့ လမ်းကြောင်းခင်းထားတဲ့ လာမယ့်နှစ် သြဂုတ်လမှာပြုလုပ်ဖို့ စီစဉ် ထားတဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်လိုလားတဲ့ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိဖို့ရည်ရွယ်ကာ ဒီမိုက ရေစီလှုပ်ရှားမှုကို စစ်တပ်က နှိပ်ကွပ်နေပါတယ်။ နိုင်ငံတော်အရေးပေါ်အခြေအနေမှာ စစ်တပ်က အာဏာထိန်း ချုပ်ထားတဲ့ အခြေအနေက
မူမမှန်မှုတစ်ခု ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း အာဆီယံက တောင်းဆိုခဲ့ပေမယ့် မြန်မာစစ်တပ်က ဒီတောင်းဆိုချက်ကို လက်ခံခဲ့ပေမယ့် ဘယ် တော့မှ မဖော်ဆောင်ခဲ့ပါဘူး။
အာဆီယံအဖွဲ့က သြဂုတ်လအတွင်းပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ခြင်း ရှိ မရှိကို လာမယ့် နိုဝင်ဘာ လအတွင်းပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်မယ်လို့ အာဆီယံက ဆိုပါတယ်။
မြန်မာ့အရေး ဘယ်လောက်အထိ အခြေအနေဆိုးတယ်ဆိုတာကို အာဆီယံအဖွဲ့က နောက်ဆုံးတော့ နား လည်လာပုံပါဘဲ။ မြန်မာ့အရေးက အာဆီယံအဖွဲ့ တည်ထောင်ဖို့ရည်မှန်းထားတဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေး အခြေခံမူတွေကို ထိခိုက်စေခဲ့ပါတယ်။
အာဆီယံအဖွဲ့ရဲ့ အခြေခံမူက နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို အခြားနိုင်ငံက မစွက်ဖက်ဖို့ဖြစ်ပါတယ်။ မြန်မာစစ်တပ်က ရပ်တည်ချက်မပြောင်းဘူးဆိုရင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူတာ ဒါမှမဟုတ် အာဆီ ယံအဖွဲ့မှထုတ်ပစ်တာမျိုးလို ပြင်းထန်တဲ့အစီအမံတွေ အာဆီယံက လုပ်ဆောင်သင့်ပါတယ်။
ကုလသမဂ္ဂကလည်း မြန်မာ့အရေးမှာ ယင်းရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဝေဖန်ခံနေရပါတယ်။ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာက သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပေမယ့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးတာကြောင့် သိသာတဲ့ရလဒ်တွေ မရရှိခဲ့ပါဘူး။
၄င်းတို့ရဲ့အုပ်ချုပ်မှုကို ကုလသမဂ္ဂပင်လျင် အသိအမှတ်ပြုတယ်ဆိုတဲ့ပုံစံမျိုး အာဏာသိမ်းစစ်ကောင်စီက ကုလသမဂ္ဂ အထူးကိုယ်စားရဲ့ခရီးစဉ်ကို အသုံးချခဲ့ပါတယ်။ စစ်တပ်နဲ့ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ ပြည်သူ ၁ ဒသမ ၂ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးနိုင်ဖို့ လူသားချင်းစာနာမှု အကူအညီကို စစ်တပ်က လက်ခံနိုင်ရေး ကုလသမဂ္ဂက အရှိန်မြှင့်တင် တောင်းဆိုရမှာဖြစ်ပါတယ်။ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ဖိ အားတွေရှိနေချိန်မှာ တရုတ်နဲ့ရုရှားက မြန်မာနိုင်ငံအတွက် သက်သာရာရစေတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်နဲ့သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့သွားရောက်ကာ စီးပွားရေး အကူအညီပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း မြန်မာစစ်တပ်ရဲ့အုပ်ချုပ်မှုကို ထောက် ခံတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး စစ်လက်နက်တင်ပို့မှု တိုးမြှင့်မယ်လို့ ကတိပြုခဲ့ပါတယ်။
တရုတ်နဲ့ရုရှားက အာဆီယံအဖွဲ့ စည်းလုံးညီညွတ်ပြီး လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသ ဖြစ် လာရေး ကြိုးပမ်းနေတဲ့ ဂျပန်၊ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ နီးကပ်သွားမှာကို မလိုလားပါဘူး။
မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲ နေတာက ၄င်းတို့အတွက် အကျိုးကျေးဇူးဖြစ်စေနိုင်တယ်လို့ တရုတ်နဲ့ရုရှား ယုံကြည်ပါတယ်။
တရုတ်နဲ့ရုရှားနိုင်ငံတို့ ဆန္ဒရှိတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် အာဆီယံဒေသဟာ သေချာပေါက် မတည်မ ငြိမ်ဖြစ်လာပါလိမ့်မယ်။ မြန်မာစစ်တပ်ရဲ့အပြုအမူကို ပြောင်းလဲဖို့ ဖိအားပေးကြိုးပမ်းရာမှာ အာဆီယံအဖွဲ့ကို ထောက်ခံအားပေးဖို့ ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အတူလက်တွဲဖို့ လိုအပ်နေပါပြီ။
စက်တင်ဘာလ ၅ ရက်ထုတ် Yomiuri Shimbun သတင်းစာပါ Don’t allow junta to make military rule an established fact အယ်ဒီတာ့အာဘော်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။