ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်

ဥရောပသမဂ္ဂက ယူကရိန်းကို ပံ့ပိုးကူညီမှု ဆက်လုပ်မယ်လို့ ဥရောပကောင်စီဥက္ကဌ အန်တိုနီယို ကော်စတာက တနင်္လာနေ့မှာ ကတိပြုခဲ့ပြီး ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ အရှိန်အဟုန်သစ်ရနေပြီလို့ ချီးကျူးလိုက်ပါတယ်။

“ယူကရိန်းသမ္မတ ဇီလန်စကီးကို လိုအပ်တဲ့ သံတမန်၊ စစ်ရေးနဲ့ စီးပွားရေး ပံ့ပိုးကူညီမှု ဆက်လုပ် ဖို့ ဥရောပသမဂ္ဂက သံန္နိဌာန်ချထားပါတယ်” လို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ အာဖရိကသမဂ္ဂနဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး အင်ဂိုလာနိုင်ငံ၊ လူအန်ဒါမြို့တော်မှာ ၎င်းက သတင်းထောက်တွေကို ပြောပါ တယ်။

လာမယ့်နှစ်နှစ်အတွက် ယူကရိန်းနိုင်ငံရဲ့ ငွေကြေးလိုအပ်ချက်တွေကို ပံ့ပိုးဖို့ ဉရောပသမဂ္ဂခေါင်း ဆောင်တွေဟာ ပြီးခဲ့တဲ့အတွင်း သဘောတူခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းအတွက် ချေးငွေအဖြစ် ဥရောပတိုက်ရှိ ထိန်းချုပ်ခံ ရုရှားနိုင်ငံပိုင်ငွေကြေးတွေကို သုံးစွဲဖို့ ဥရောပကော်မရှင်က အကြံပြုခဲ့ပေမယ့် ခေါင်းဆောင်တွေက ထိုနည်းလမ်းကို သဘောမတူသေးပါဘူး။

ထိုအကြံပြုချက်ဟာ ဥပဒေအရ ကောင်းမွန်ပေမယ့် ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေကြား အန္တရာယ် တွေ ရှိလာနိုင်တယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံက ပြောပါတယ်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အရှိန်အဟုန်သစ် ရနေပါပြီ။ အမေရိကန်၊ ယူကရိန်း၊ ဥရောပ သမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဥရောပကိုယ်စားလှယ်တွေကြား မနေ့က တွေ့ဆုံမှုဟာ သိသာထင်ရှားတဲ့ တိုး တက်မှု ဖြစ်ခဲ့ပါတယ်” လို့ အန်တိုနီယိုကော်စတာက ဆိုပါတယ်။

ထိုပြဿနာတွေကို မဖြေရှင်းရသေးပေမယ့် အပြုသဘောဆောင်ပြီး တိုးတက်မှုတွေ ရှိနေတယ် လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Reuters
Ref; EU vows to keep supporting Ukraine with cash and weapons as peace talks continue