ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအ နေနဲ့ အာဆီယံ အလှည့်ကျဥက္ကဌဟောင်းတွေရဲ့ လမ်းစဉ်တွေကို ဉီးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန် ကြီး ထရီဆာလာဇာရိုက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံလို မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံ မှုတွေ တည်ဆောက်ဖို့ ရည်ရွယ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မကြာသေးမီက ခန့်အပ်ခံရသူ လာဇာရိုက ပြောပါတယ်။
“မလေးရှားနိုင်ငံက ထိတွေ့ဆက်ဆံမှု ၁၁၇ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ သို့မ ဟုတ် အာဆီယံဥက္ကဌဟောင်းတွေ လုပ်ဆောင်ခဲ့သလို ကျွန်မတို့ မလုပ်ဆောင်နိုင်ပါဘူး” လို့ ၎င်းက ဆိုပါ တယ်။
ဒီဇင်ဘာလ ၂၈ ရက် မြန်မာရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့မှာ အာဆီ ယံအဖွဲ့ရဲ့ စုပေါင်းဆုံးဖြတ်ချက် လိုအပ်မယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ရေရှည် အထူးကိုယ်စားလှယ်တစ်ဉီး ခန့်အပ်ခြင်း ရှိ မရှိ အာဆီယံအဖွဲ့က စဉ်းစားနေတယ်လို့ လာဇာရိုက ပြောပါတယ်။
“ဖိလစ်ပိုင်နိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူထားချိန်မှာ ရေရှည်အတွက် အထူးကိုယ် စားလှယ်တစ်ဉီး ခန့်အပ်မယ့်ကိစ္စကို ဆွေးနွေးပါမယ်” လို့ သူက ဆိုပါတယ်။
မလေးရှားနိုင်ငံရဲ့ စောင့်ကြည့်မှုအရ လုပ်ငန်းဆောင်ရွက်မှု အစည်းအဝေးတွေ ဆက်လက်ပြု လုပ်မှာဖြစ်ပေမယ့် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမယ့် ဇန်နဝါရီလမှာ မြန်မာ့အရေးကို ဆွေးနွေးမယ် လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Philstar Global
Ref; Philippines to continue Malaysia’s efforts in ending Myanmar crisis