Nway Oo Video App မှာ မန်ယူ – အာဆင်နယ်ဘောလုံးပွဲ ဝင်ရောက်ကြည့်ရှုသူများပြားတာကြောင့် တော်လှန်ရေးရန်ပုံငွေ ၂၅ သိန်းကျော် ရရှိ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၅ ရက်

မနေ့က ညပိုင်းက ယှဥ်​ပြိုင်ကစားခဲ့သော အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပွဲစဥ်တစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နှင့် အာဆင်နယ် ဘောလုံးပွဲစဥ်ကို Nway Oo Video App မှတဆင့် ဝင်ရောက်ကြည့်ရှုသူများပြားတာကြောင့် တော်လှန်ရေးရန်ပုံငွေ ၂၅ သိန်း ကျော်ရရှိခဲ့တယ်လို့ Play2Donate က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါပွဲတွင် မန်ချက်စတာယူနိုက်တက်မှ အနိုင်ရခဲ့သော်လည်း နှစ်ဖက်စလုံးမှ ပရိတ်သတ်များမှာ တော်လှန်ရေးအတွက်ရံပုံငွေရှာနေတဲ့ Mobile App ကနေ ဝင်ရောက်ကြည့်ရှုခဲ့တာကြောင့် ရန်ပုံငွေ ၂၅ သိန်း ၇သောင်းကျော်ရရှိခဲ့တယ်လို့ Play2Donate မှ သတင်းထုတ်ပြန်ထားပါတယ်။

Nway Oo Video Mobile App နွေဦးတော်လှန်ရေးမှာ တစ်ဘက်တစ်လမ်းကနေ ရံပုံငွေရှာဖွေပေးနေတဲ့ Mobile App တစ်ခုဖြစ်ပါတယ်။

ဓာတ်ပုံ – Manchester United

#Ayeyarwaddy_Times