စက်တင်ဘာလ ၅ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)

– ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမှသာ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် လာမယ်လို့ ကုလ အထူးကိုယ်စားလှယ် နိုလန်းဟေဇာ ပြော

– မြန်မာနိုင်ငံတွင် ၅ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၃၈ ဦးတွေ့ပြီး ၂ ဦးသေဆုံး

– မိဘနှစ်ပါးရဲ့ လက်ဝတ်ရတနာတွေကို တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်လာလို့ အသုံးပြုရတော့မယ်လို့ PRA က ဗိုလ်ဂျပန်ပြော

– ထီချိုင့်မြို့နယ်၌ စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ရွာသားထောင်ချီ ညဘက်ထွက်ပြေး

– နမ္မတူဘော်တွင်းနှင့် ကျားစခန်းသွားလမ်းတွင် စွန့်ပစ်မြေစာပြိုကျနေသဖြင့် သွားလာရေးခက်ခဲ

– နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ယင်းမာပင်ပြည်သူများ အကူညီလိုအပ်နေ

– ထားဝယ်မြို့နယ်အနီးမှာ စစ်ကောင်စီ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

– ဂန့်ဂေါမြို့နယ် ယာယီပညာရေးဘုတ်အဖွဲ့က ကျောင်းသား ၁၀၀၀၀ ကျော်ကို စားမေးပွဲ စစ်ဆေးနိုင်

– အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားရောက်

– ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံသင်တန်းဆင်းပွဲ ပြုလုပ်