ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် တည်ရှိသည့် စစ်ကော်မရှင် ၏ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉ ရှိ လေးကတံတား စစ်ကော်မရှင်ဂိတ်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်တပ်ကုန်း PDF အမှတ်-၈၀၃ မှ ရဲဘော်များက ပြောက်ကျားနည်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲကြာချိန် ၃၀ မိနစ်အတွင်း စစ်ကော်မရှင်တပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး ဒဏ်ရာပြင်းထန်၍ ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း တပ်ရင်းအမှတ် ၈၀၃ မှ ထုတ်ပြန်ထားသည်။
းကစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အမြန်လမ်း နောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကော်မရှင်ဘက်မှ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
PDF တပ်ရင်းအမှတ် ၈၀၃ မှလည်း စစ်ကော်မရှင်၏ စစ်ကြောင်းထိုး ဝင်ရောက်နေမှုကြောင့် ကျေးရွာ နေပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန် ထုတ်ပြန် သတိပေးထားသည်။
ဓာတ်ပုံ-PDF တပ်ရင်းအမှတ် ၈၀၃