ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

 

ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာအနီးရှိ အာရက္ခတပ်တော် (AA) သိမ်းယူထားသည့် ပွိုင့် ၆၆၆ စခန်းကို စစ်ကော်မရှင်က ပြန်လည်ဝင်ရောက်နေရာယူထားရာ ယခုရက်ပိုင်းအတွင်း AA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာာ ၅ ရက်နေ့က ပွိုင့် ၆၆၆ စခန်းတွင်းရှိ စစ်ကော်မရှင်တပ်ကို AA နှင့်ပူးပေါင်း တပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်နေရာ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။

 

“ကပစ ၁၆ ရဲ့ အဓိကာကာကင်းခစန်းကုန်းဆိုတော့ စစ်တပ်က ဘယ်လိုရရ ပြန်ယူချင်နေတာ။ လေကြောင်းကြောင့် ပူး ပေါင်းတပ်က နောက်ဆုတ်နေရချိန်မှာ ဝင်နေရာယူတာ။ ခုပိတ်ဆို့ တိုက်ခံနေရတာ သေဆုံးများတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA က ထိုသို့သိမ်းယူပြီးနောက် ရက်ပိုင်းအတွင်း နယ်မြေရှင်းလင်း၍ တပ်များဆုတ်ခွာထားခဲ့ရာ ပွိုင့် ၆၆၆ စခန်းကုန်းကို စစ်ကော်မရှင်က ပြန်လည်ဝင်ရောက်နေရာယူ တပ်စွဲလာခြင်းဖြစ်ကြောင်း သိရသည်။

 

စခန်းကုန်း ပြန်ပါမသွားစေရန် စစ်ကော်မရှင်က လက်နက်ကြီးပစ်ကူ ဒရုန်းဗုံးများအပြင် လေကြောင်းမှပါ အပြင်းအထန် ကာကွယ်တိုက်ခိုက်နေကြောင်း သိရသည်။ ညောင်ခြေထောက် အခြေစိုက် ဒတရ ၆၀၁ ဒုံးတပ် ရင်းများကလည်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ရိုးပေါ်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများရှိ နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

ညောင်ကျိုးနှင့် လေသာတောင်တကြောတွင် ထိတွေ့တိုက်ပွဲများ ရပ်နားနေပြီး ပွိုင့်ကုန်းတွင်သာ တိုက်ပွဲပြင်းထန်နေကာ ဒရုန်းတိုက်ခိုက်မှုများ စစ်ကော်မရှင်က ပြုလုပ်လာသည်။

 

ပဓာတ်ပုံ-AA Info Desk (ပုံဟောင်း)