ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ယူကရိန်းသို့ တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့ဖို့ ပင်တဂွန်က အတည်ပြုလိုက်ပြီလို့ အမေရိကန်နဲ့ ဥရောပတာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့နိုင်ရေး အပြီးသတ်ဆုံးဖြတ်ချက်ဟာ သမ္မတ ဒေါ် နယ်ထရမ့်အပေါ် မူတည်တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ မတွေ့ဆုံမီ ဒီလအစောပိုင်းမှာ ပင်တဂွန်ရဲ့ အကဲ ဖြတ်ချက်ကို အိမ်ဖြူတော်သို့ ပေးပို့ခဲ့ပါတယ်။
ရုရှားနိုင်ငံအတွင်းပိုင်းရှိ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နိုင်ရေး တိုမာ ဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းက အမေရိကန်ကို တောင်းဆိုခဲ့တာပါ။
တိုမာဟော့ခ်ဒုံးကျည်ဟာ အကွာအဝေး မိုင် ၁၀၀၀ အထိ ရောက်ရှိနိုင်ပြီး သင်္ဘောတွေ သို့မ ဟုတ် ရေငုပ်သင်္ဘောတွေကနေ ပစ်ခတ်ရတာပါ။
ယူကရိန်းတပ်ဖွဲ့တွေကို တိုမာဟော့ခ်ဒုံးကျည် အသုံးပြုနိုင်ရေး လေ့ကျင့်ပေးဖို့နဲ့ ပေးပို့မယ့်နည်း လမ်းကို သုံးသပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်က ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ပါက နှစ်နိုင်ငံဆက်ဆံရေး ထိ ခိုက်စေမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။
ဒီနှစ်အကုန်မှာ တိုမာဟော့ခ်ဒုံးကျည်တွေ ရရှိနိုင်ဖို့ ယူကရိန်းနိုင်ငံက ရည်မှန်းထားတယ်လို့ ဇီ လန်စကီးက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ပါက တင်းမာမှု အရှိန်မြှင့်စေ နိုင်တယ်လို့ ပူတင်နဲ့ ရုရှားသမ္မတရုံးက အကြိမ်ကြိမ် သတိပေးထားပါတယ်။
ကိုးကား – Anadolu
Ref; Pentagon clears Tomahawk missile transfer to Ukraine, final decision up to Trump: Report