ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

ဧရာ၀တီတိုင်း၊ဟင်္သာတမြို့တွင် အောက်တိုဘာလအစပိုင်းမှစတင်ပြီး လမ်းသွားလမ်းလာများထံမှ ဆိုင်ကယ်ဖြင့်လိုက်လံလုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း မြို့ခံများထံမှသိရှိရသည်။

ဦးဝိစာရလမ်းအနီးတွင် Maskတပ်ကာ ဆိုင်ကယ်စီးလာသောအမျိုးသားတစ်ဦးမှ အကြိမ်ကြိမ်လုယက်နေခြင်းဖြစ်ပြီး ယခုအချိန်ထိဖမ်းဆီးနိင်ခြင်းမရှိကြောင်းသိရှိရသည်။

“မနက်အစောကြီးနယ်က​လာတဲ့သူတွေ အများဆုံးအလုခံရတယ်။ ရဲကလဲ အလုပ်မလုပ်တော့ သွားတာလာတာသတိထားနေရတယ်”ဟုမြိုခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါလုယက်သူသည်နံနက်အစော ဈေး၀ယ်သူများ၊ ခရီးသွားများနှင့်ဈေးသည်များကို ပစ်မှတ်ထားလုယက်နေပြီး ရဲစခန်းကိုတိုင်ကြားသော်လည်းအရေးယူနိုင်ခြင်း မရှိကြောင်းသိရသည်။

ဟသ်တာမြို့တွင် ဆရာဝန်လင်မယားအသတ်ခံသည့်ဖြစ်စဉ်မှာလည်း တစ်လကျော်ကြာလာသည့်အထိ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးသည့်အတွက် ဒေသခံပြည်သူများက ဝေဖန်နေကြသည်။

ဧရာ၀တီတိုင်းရှိမြို့တွင်ရဲများ ကိုယ်တိုင်က အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနဲ့ နှစ်လုံး၊သုံးလိုင်းဒိုင်များကိုခွင့်ပြုပေးခြင်း၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေသောကြောင့် တရားဥပေဒ စိုးမိုးမှု ကင်းမဲ့လာကြောင်း ဒေသခံများကပြောသည်။