ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

ဗင်နီဇွဲလားသမ္မတ နီကိုးလတ်မာဒူရိုက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာရီယာကော်ရီနာမာချာဒို အား ‘ဘီလူးသရဲစီးသော စုန်းမတစ်ဉီး’ လို့ ခေါ်ဆိုလိုက်ပါတယ်။

အသက် ၅၈ နှစ်အရွယ် မာချာဒိုရဲ့ ဗင်နီဇွဲလားပြည်သူတွေအတွက် ဒီမိုကရေစီ အခွင့်အရေး မ မောမပန်း ကြိုးပမ်းမှု၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအ တွက် တိုက်ပွဲဝင်မှုကြောင့် နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဖြစ် ချီးမြှင့်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက လက်ဝဲဝါဒီ မာဒူရိုရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်လက် ထက်မှာ ဗင်နီဇွဲလားကမ်းလွန် ကာရစ်ဘီယံရေပိုင်နက်သို့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

“ဗင်နီဇွဲလားပြည်သူ ၉၀ ရာခိုင်နှုန်းက မာချာဒိုကို လက်မခံပါဘူး” လို့ မာဒူရိုက ပြောကြားပြီး ပြည်ပကျူးကျော်မှုဖြစ်အောင် တောင်းဆိုနေတာလို့ စွပ်စွဲလိုက်ပါတယ်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုလားပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရှိရမှာဖြစ်ပေမယ့် လွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာပိုင်မှု ရှိရပါမယ်” လို့ အမေရိကန် ရှာဖွေတွေ့ရှိမှု အထိမ်းအမှတ် အ ခမ်းအနားတစ်ခုမှာ ၎င်းက ပြောပါတယ်။

မာချာဒိုက အနီးအနားရေပိုင်နက်အတွင်း အမေရိကန် စစ်ရေးလေ့ကျင့်တာကို ထောက်ခံပြီး နို ဘယ်လ်ဆုဟာ ဒုက္ခကြုံတွေ့နေရသော ဗင်နီဇွဲလားပြည်သူတွေနဲ့ အဆိုပါဆုအတွက် အဆိုပြုခံရတဲ့ ဒေါ် နယ်ထရမ့်အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

စနေနေ့က အမေရိကန်နိုင်ငံအခြေစိုက် Fox News သတင်းဌာနနဲ့ အင်တာဗျူးမှာ မာချာဒိုက ဒေါ်နယ်ထရမ့်ကို ချီးကျူးခဲ့ပါတယ်။

လအနည်းငယ်အတွင်း စစ်ပွဲရှစ်ပွဲကို ဖြေရှင်းရာမှာ ပါဝင်ခဲ့မှုကြောင့်သာမက ဗင်နီဇွဲလားနိုင်ငံကို လွတ်လပ်မှု ဆောင်ကျဉ်းရာမှာ တိကျပြတ်သားသော လုပ်ဆောင်ချက်တွေကြောင့် ဒေါ်နယ်ထရမ့်ဟာ နို ဘယ်လ်ငြိမ်းချမ်းရေးဆုနဲ့ ထိုက်တန်တယ်လို့ မာချာဒိုက ပြောပါတယ်။

ကိုးကား – AFP
Ref; Venezuela’s Maduro calls Nobel Peace laureate Machado a ‘demonic witch’